HighLight News

Powered by Drupal

ဇလွန်မြို့နယ် လမ်းမတော်(မ)ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ် လမ်းမတော်မြောက်ရပ်ကွက်ရှိ ပြည်သူ(၁၀၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေ စတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊စီးပွားရေး လုပ်ငန်းရှင်များ၏ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြ ထားသောပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေ ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ် ပြောကြားခဲ့ပြီး နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကိုးသိန်းအားကစားကွင်းတွင်၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိရာ အမျိုးသားလေးယောက်တွဲ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ကစားမှုအားကြည့်ရှု

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးမှအိမ်ရှင်အဖြစ် လက်ခံ၍   ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမကျင်းပလျက်ရှိသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသားအမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက်ရှိရာ အမျိုးသားလေးယောက်တွဲ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ကစားသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားလေးယောက်တွဲ တတိယနေရာလုပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ် အသင်းအား ၂ပွဲပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးမှအိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းတို့က ပါဝင် ယှဉ်ပြိုင်နေကြကာ  ..၂၀၂၅ ရက်နေ့တွင်  ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသားအမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားအမျိုးသမီး လေးယောက်တွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကိုကျင်းပပြု လုပ်သွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

                ဩဂုတ်    ၆ရက်နေ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့ အမှတ်() အခြေခံ ပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

            ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို အောင်ဆန်းခန်းမတွင်ဆက်လက်ပြုလုပ်ရာ ကျုံပျော်မြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေး များကအလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ယခုနှစ်အတွက် ကျုံပျော်မြို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်း ခန်းမတွင် စတင်ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ (၁၃)နေရာတွင် ကျင်းပရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံ လုံးအနေဖြင့်ဝိဇ္ဇာတွဲတွင် ()ယောက်၊ ဝိပ္ပံတွဲတွင်()ယောက်ပေါ်ထွက်ခဲ့ပါ ကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့်  တိုင်းဒေသကြီးအတွင်းရှိ ရှင်သန် ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၄)တိုက်ရှိခဲ့ရာမှ  စာကြည့်တိုက်အသစ်(၁၁)တိုက်နှင့် ပြုပြင်ပေးသည့် စာကြည့်တိုက် ၅တိုက် ဖြစ်သဖြင့် ရှင်သန်ခိုင်မာသည့်စာကြည့်တိုက် ၃၄၀ တိုက်ရှိပြီဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ()ရပ်တွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားထားမြှင့်တင်ရေးဆိုသည့်အချက် ပါဝင်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များအဖြစ် ရှင်သန်တိုးတက်လာဖို့အတွက် အသိပညာ ဗဟုသုတတွေကို စာအုပ်စာပေကောင်းများမှတစ်ဆင့် လေ့လာဖတ်ရှုမှတ်သားကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ပညာဗဟုသုတ ပြည့်စုံ ကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိစာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း တိုက်တွန်းအမှာ စကားများပြောကြားသည်။

             ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးတို့မှ တက္ကသိုလ်ဝင်စာမေးပွဲနိုင်ငံတော်အဆင့်  ဝိဇ္ဇာဘာသာတွဲ တွင်တတိယ၊ စတုတ္ထနှင့် သိပ္ပံဘာသာတွဲ()ဘာသာဂုဏ်ထူးရှင်()ဦးတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး  ကျောင်းသား၊ သူလေးများ၏တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများ ကိုကြည့်ရှုအားပေး ခဲ့ကြကာ  ကပြဖျော်ဖြေခဲ့သော အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျုံပျော်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်လှုပ်ရှားမှုများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ(အလယ်တန်းအဆင့်) ကျောင်းစာကြည့်တိုက်နှင့်အားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သရုပ်ပြ ဖျော်ဖြေနေမှုမြားကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ဧရာဝတီ)

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေ ဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲအားကြည့်ရှုအားပေး

          ၂၀၂၅-၂၀၂၆ခုနှစ်၊ ဩဂုတ် ၆ရက်နေ့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက (၁၃)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

           ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက(၁၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် တိုင်းဒေသကြီးအတွင်းအစိုက်အများဆုံး အထွက်နှုန်းနှင့် အရည်အသွေးကောင်းစပါးမျိုး(၁၈) မျိုးအား ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့် အညီ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊  သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး စုပေါင်းဓာတ်မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းလိုက် တမန်းနှိုးဆောင်ရွက်ခဲ့ကြသည့် တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့ဧရာရွှေဝါခန်းမတွင် စပါးမျိုးစေ့ချကိရိယာ(Drum seeder )များထုတ်လုပ်ရောင်းချရေးအစည်းအဝေးပြုလုပ်

           ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဩဂုတ်လ ၆ ရက်နေ့တွင် ဆန်၊ စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော  ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာ စိုက်ပျိုးရေး ကဏ္ဍာအတွက် အရေးပါသော အရည်အသွေးမြှင့် မျိုးစေ့ချကိရိယာ(Drum seeder) များထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် အခြားဌာနဆိုင်ရာများ (Drum seeder) ထုတ်လုပ် ရောင်းချသူများ တက်ရောက်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးတွင် မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ လပွတ္တာခရိုင်၊ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်၊ဖျာပုံခရိုင်အတွင်းရှိစက်မှုဇုန်များတွင် ထုတ်လုပ်ရောင်းချသည့် (Drum seeder) များကျင်းပပြီး အဆိုပါမျိုးစေ့ချကိရိယာ၏ ထူးခြားချက်နှင့် အားသာချက်မှာ လက်ဖြင့် ကြဲပတ်ရသည့်မျိုးစပါးသုံးစွဲမှုကို လျှော့ချပေးနိုင်ပြီး ပေါ့ပါးခိုင်ခန့်၍ အလွယ်တကူသုံးစွဲနိုင်ကြောင်း သိရသည်။ အဆိုပါ(Drum seeder)ကိုသုံးစွဲရန်လူတစ်ယောက်သာလိုအပ်ပြီး  ကောက်စိုက်ခြင်းအတွက် သာလုပ်သားလိုအပ်ချက်ကို လည်းလျှော့ချနိုင်ပါသည်။ လွယ်ကူရိုးရှင်းသော စနစ်ကျမျိုးစေ့ချပြီး ပြည်ပသုံးစွဲလျှေ့ချနိုင်သောလယ်ယာ စက်ကိရိယာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တိုင်းအတွင်းစပါးစိုက်တောင်သူများအား ၂၀၂၅-၂၀၂၆ မိုးစပါး ရာသီတွင်ရောင်းချရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင် ၄မြို့နယ်နှင့် အခြားမြို့နယ်များမှ ဇူလိုင်လ ဆန်တင်ပို့မှု အခြေအနေများ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။ ယခုလ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၉၈၅၊ ပန်းတနော် ဆန်တင်ပို့မှု ၉၂၀၅၊ ညောင်တုန်းဆန်တင်ပို့မှု ၁၃၂၈၅၆၊ ဓနုဖြူမြို့ဆန်တင်ပို့မှု ၂၀၆၀၁ အိတ်နှင့် စုစုပေါင်း (၁၆၃၆၄၇) တင်ပို့ပြီး တန်အားဖြင့် ၈၁၈၂ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၇၂၂၄၀ အိတ် နှင့် တန်အားဖြင့် ၃၆၁၂ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဇွန်လက မအူပင်ခရိုင် ၄မြို့နယ်မှ ဆန်မြို့နယ်တင်ပို့မှု (၂၄၀၉၉၇) တင်ပို့ပြီး ယခုလ (၇၇၃၅၀)အိတ် လျော့နည်းတင်ပို့ကြောင်း၊ အခြားမြို့နယ်တင်ပို့မှုမှာ ဇွန်လ ဆန် ၂၀၇၉၂၂ အိတ် တင်ပို့သောကြောင့် ယခုလ (၉၈၃၆၉) အိတ်  ပိုမိုနိုင်ကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးထွက် ဆန်များကို သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင် ဆန်ဆိုင်ကြီးများအား ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနာဆိုင်ရာများပူပေါင်း၍ မြို့နယ်အတွင်း ဆန်ဆိုင်များအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ၆-၈-၂၀၂၅(ရက်နေ့) နံနက် (၀၉း၀၀)နာရီခွဲအချိန်တွင် မအူပင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်စျေးနှုန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန  စစ်ဆေးရေးအရာရှိများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ စျေးတာဝန်ခံတို့က မြို့နယ်၊ ရပ်ကွက်များအတွင်းနှင့် မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်အမျိုးအစားအလိုက် သတ်မှတ်၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် စျေးများ သိုလှောင်ထားရှိမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ MyRo မှတ်ပုဲတင်လုပ်ငန်းများ သက်တမ်းပြည်မီပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်နှင့် ဆန်ဆိုင်ကြီးများမှ ဆန်သိုလှောင်မှု ပမာဏထက် ကျော်လွန်ပါက ပိုမိုသိုလှောင်ခွင့်မရှိ သိုလှောင်ပါက အရေးယူခံရမည်ဟူသော သတင်းမှာ မမှန်ကန်ကြောင်းနှင့် မိမိတို့သက်တမ်းတိုးရာတွင် သိုလှောင်ပမာဏများကို ဖြည့်သွင်းထားပြီး ပြောင်းလဲမှု ကုန်ရကုန်ထုတ်များအပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဆင်ပြေချောမွေစွာ လုပ်ကိုင်ရန်အတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ညောင်တုန်းမြို့နယ်တွင် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့တွင်အခြေခံစားသောက်ကုန်ပစ္စည်းများအားစျေးနှုန်းမှန်ကန်စွာ ရောင်းချနေမှုရှိ/ မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက (၆-၈-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် မြို့မဈေးအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ညောင်တုန်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှဦးဆောင်၍ ညောင်တုန်းမြို့၊ မြို့မဈေးကြီးအတွင်း ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥစသည့်အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား ကုန်ဈေးနှုန်းမြင့်တက်ရောင်းချမှုမရှိစေရေးနှင့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်စားမုန့်အမျိုးမျိုးရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၆--၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ၂ရပ်ကွက်၊ ၃ရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့သည်။

           အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး၊ စျေးတာဝန်ခံနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ၊ မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် မုန့်များရောင်းချခြင်းရှိ၊ မရှိ၊ သက်တမ်းလွန် မုန့်များရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ၊ မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၇.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စာသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပုဒ်မ၄၂ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်း နှင့်ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်မျာအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန်၊ ဟောပြောပွဲသို့ တောင်သူ (၂၀)ဦးအား ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News