HighLight News

Powered by Drupal

Msme ထုတ်ကုန်များတွင်  ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍   ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်း(၂)ဦးသည် ၁၉.၆.၂၀၂၆ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ တောင်ဒဂုံအသေးစားစက်မှုဇုန်ရှိ ဘုရင်မမုန့်ကြွပ်စက်ရုံနှင့် ချမ်းသာမုန့်တိုက်သို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်တွင်း/ ပြည်ပထုတ်Msme ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး )ကပြည်တွင်း/ ပြည်ပထုတ် Msme ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ အားပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ဆေးတွေ့ရှိချက်အခြေအနေများအပေါ် ပြုပြင်ရန်အချက်များကို တစ်လအတွင်း လုပ်ငန်းရှင်များမှ ပြုပြင်ဆောင်ရွက်သွားရန် အသိပညာပေးခဲ့ကြောင်းနှင့် ကုန်အညွှန်းအမှတ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ရန်အခက်အခဲပါက  စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ကြောင်း၊ ဌာနဘက်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရရှိပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းရောင်းချသော လုပ်ငန်းအား အွန်လိုင်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေး

      (၁၉.၆.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် အိမ်အမှတ်(၂၅၀)၊ (၁၇)ရပ်ကွက်၊ (၅)လမ်းရှိ  ပိုင်ရှင်အမည် ဒေါ်အေးချမ်းပြည့်ဦး၊ လုပ်ငန်းအမည် (Pyae Skincare&Cosmetics ‌)Online Saleရောင်းချမှုအပေါ်  ဓနုဖြူမြို့နယ် စစ်ဆေးရေးအရာရှိမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးဝင်းမင်းစိုး စစ်ဆေးရေးမှူးမှ  ဈေးကွက်အတွင်း ရောင်းချနေသာ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်း လွန်ရက်စွဲများ ဖော်ပြထားခြင်းရှိမရှိ၊  လုပ်ငန်းများလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိ၊ ရောင်းချသော ကုန်စည်များ လျောက်ထားစဉ်က တူညီမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉.၆.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးခန်းမတွင် ကုန်မျိုးစုံလုပ်ငန်းရှင်(၇)ဦး အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535လိုင်းခွဲ(၁)နေပြည်တော်၊ လိုင်းခွဲ(၂)ရန်ကုန်၊ လိုင်းခွဲ(၃)မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့် အမျိုးမျိုးတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အ.ထ.က ၃ မအူပင်ကျောင်းတွင် စားသုံးသူကာကွယ်ပေး‌ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အ.ထ.က (၃) ကျောင်းတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ၁၉-၆-၂၀၂၆ ရက်နေ့  နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       ရှေ့ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ဟောပြောဆွေးနွေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ကျန်းမာရေးအတွက် လိုအပ်သော အားကစားအကြောင်းအရာများအား ဟောပြောပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးအောင်ဇော်ဦး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏ အခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများကုန်စည်ကို ရွေးချယ်ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သိရှိနိုင်ရန် အချက်များကိုရှင်းလင်းခြင်း၊ ကုန်စည်ဝယ်ယူရာတွင် သေချာကြည့်ရှု မှတ်သား၍ ဝယ်ယူနိုင်ရန်လည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှရွေးချယ် ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဝန်ဆောင်မှုကို ဆက်သွယ်၍ Consumer Call Center နံပါတ် ၁၅၃၅ သို့ ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး  ကျောင်းသား/ ကျောင်းသူများ ၃၅၃ ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ ကျောင်းမုန့်ဈေးဆိုင် ၇ဆိုင်အား  ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေး ရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေး  မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်လုပ်ခွင့်ပြုချက်ပါရှိသော ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့် ကုန်စည်များကိုသာရောင်းချရန်၊ ရောင်းချသူလုပ်ငန်းရှင်များ ကျန်းမာရေး ထောက်ခံချက်များ စစ်ဆေးဆောင်ရွက်ပြီး၊ မုန့်ဆိုင်ပတ်ဝန်ကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်ကုန်များကိုရောင်းချရန်တို့ကို အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများအား ကုန်အညွှန်အမှတ်အသား ကွင်းဆင်းစစ်ဆေး

         (၂၀.၆.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကျောင်းစုကျေးရွာရှိ ထက်ထက်(ဇီးတော်ဖီ)လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ  သွားရောက်စိစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန်များ (MSME) ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာသတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်နိုင်စေရေးအတွက် ဒေသထုတ်ကုန်လုပ်ငန်းများ ကုန်အညွှန်အမှတ်အသားပြည်စုံမှု ရှိ/မရှိ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲများ ဖော်ပြထားခြင်း ရှိ/ မရှိအား အထူးစီမံချက်အနေဖြင့် အထက်ဌာနလမ်းညွှန်ချက်နှင့် အညီ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင့်ဖြစ်၍ ထက်ထက်(ဇီးတော်ဖီ) လုပ်ငန်းအား စစ်ဆေး‌ဆောင် ရွက်ခဲ့ရာ သတ်မှတ်ချက်နှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းကို စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Myroတွင်မှတ်ပုံတင်ထားပြီး သက်တမ်းတိုးရန်ကျန်ရှိသောသိုလှောင်ရုံများ ကွင်းဆင်း၍ ကုန်ထုတ်၊ ကုန်ရ၊ ကုန်လက်ကျန် ဖြည့်သွင်းရန် ကွင်းဆင်းစစ်ဆေး

         (၂၀.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်းရှိ Myroတွင်မှတ်ပုံတင်ထားပြီးသက်တမ်းတိုးရန် ကျန်ရှိသောသိုလှောင်ရုံများအား သက်တမ်းတိုးဆောင်ရွက်ရန်နှင့် လစဉ်(၁ရက်နေ့မှ၁၀ရက်နေ့) အတွင်း ကုန်ထုတ်၊ ကုန်ရ၊ ကုန်လက်ကျန် ဖြည့်သွင်းရန် မြေပြင်ရှိ ဆန်စက်လုပ်ငန်းရှင်ထံ ကွင်းဆင်းအသိပေး ဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးသည် ဓနုဖြူမြို့နယ်ရှိ ငွေလမင်းဆန်စက်၊ ရွှေပြည်သစ်ဆန်စက်၊ ဓူဝံကြယ်ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်း လည်ပတ်နေမှုအား ကြည်ရှုစစ်ဆေးပြီး ဆန်စက်များမှ ဆန်ကြိတ်ခွဲနေမှု၊ ဆန်၊ စပါး ဈေးနှုန်းအခြေအနေများ၊ စစ်ဆေးသော ဆန်စက်များမှ စပါးကို နဝလီကြိတ်ခွဲနေပြီး ကုန်သည်နှင့် တောင်သူတို့၏ စပါးကို ကြိတ်ခွဲကြောင်း၊ ရန်ကုန်တင်ပို့မှုမရှိကြောင်း၊ စစ်ဆေးသော ဆန်စက်များတွင် လက်ရှိ စပါးသိုလှောင်မှု အနည်းငယ် ၅၀၀ တင်းခန့်သာရှိကြောင်း Myroတွင် ကုန်ထုတ်၊ ကုန်ရ၊ ကုန်လက်ကျန် စာရင်းများကို သတ်မှတ်ရက်များအတွင်း ဖြည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်နှင့် ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍  (၁၈..၂၀၂)ရက်နေ့  နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော အာမို၊ ကောမတ်တံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိမရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန် ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အောင်ဆန်းလမ်းမကြီးရှိ ထ.ခွဲ.လ (၁) နေရှင်နယ်ကျောင်းမုန့် ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊ အောင်ဆန်းလမ်းမကြီးရှိ ထ.ခွဲ.လ (၁) နေရှင်နယ်ကျောင်းမုန့်ဈေးတန်းအား ကျောင်းကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကုန်စည်များနှင့် ပတ်သတ်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တာရာယ်ကင်းရှင်းစေရေးတို့အတွက်ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသောတားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံး ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသားကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီးဈေးရောင်းသူများသည် ဥပဒေပါပြဌာန်းချက် များသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဝနှစ်လုံး မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

              ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်သည် (၁၉..၂၀၂၆) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် အမှတ်()ရပ်ကွက်ရှိ ဝနှစ်လုံးမုန့်လုပ်ငန်းပိုင်ရှင် နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

           ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးရည်ရွယ်ချက်ဖြင့် ဝနှစ်လုံးမုန့်လုပ်ငန်းပိုင်ရှင်အားကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှု အခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းစုံစမ်းပြီး မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆပ်မှုရှိစေရေး အဓိကထား ဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ မိမိတို့ဌာနမှထုတ်ပြန်ထားသော ဥပဒေများအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဠ်ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၈..၂၀၂)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော အာမို၊ ကောမတ်တံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိမရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရန်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင်ဦးစီးမှူးဦးစံကြည်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဠ်ဦးတို့မှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန် ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News