
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် စျေးကွက်အတွင်း ဘိလပ်မြေစျေးနှုန်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းစျေးနှုန်းများ မြင့်တက်မှုများမရှိစေရေး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေဆိုင်များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စျေးကွက်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုများကြောင်း၊ စျေးနှုန်းများအား မြင့်တင်ရောင်းချမှုများမရှိဘဲ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချနေကြောင်း၊ ဝိသမလောဘဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း တွေ့ရှိရပြီး စိုက်ပျိုးရေးသုံးပစ္စည်းများအနေဖြင့် စျေးနှုန်းများမြင့်တင်ရောင်းချခြင်းများရှိ/ မရှိများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
