HighLight News

Powered by Drupal

Online  မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည်(အမှတ်(၁၈၉/၂)၊ မြင်သာ(၁၁)လမ်း၊ (၁၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့သွားရောက်၍   THOON Silk and Fabric   online shop မှ အဝတ်အထည်နှင့် အထည်အလိပ်များ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကိုစစ်ဆေးပြီးမှသာOnline Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ FAIRDEAL ဆေးကုမ္မဏီအား   အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး (၂.၁၂.၂၀၂၅ )ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင်  အမှတ် ၃၉/၄၀၊ သာကေတစက်မှုဇုန်၊ သာကေတမြို့နယ်ရှိ FAIRDEAL  ဆေးကုမ္မဏီအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းများအားလက်ကား ဈေးအပေါ်တွင် ဒေသပေါက်ဈေး ထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံများနှင့် ပူးပေါင်း၍   FAIRDEAL ဆေးကုမ္မဏီအားကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးဝါးများဈေးနှုန်းအတက်/ အကျဖြစ်ပေါ်မှုအခြေအနေနှင့်၊ ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ စန္ဒာမြိုင် ဆေးကုမ္ပဏီအား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၅၀) နာရီတွင်အမှတ် (၂၉၇/D)၊ မာလာမြိုင်လမ်း၊ သာကေတမြို့နယ်ရှိ စန္ဒာမြိုင် ဆေးကုမ္ပဏီမှဆိုင်တာဝန်ခံ‌နှင့်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအခြေအနေအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း   အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ Healhty Unit  ဆေးကုမ္မဏီအား   အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး (၂.၁၂.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  အမှတ် ၅၃/၆၂၊ မြန်မာ့ဂုဏ်ရည်လမ်း၊ သာကေတမြို့နယ်ရှိ Healhty Unit ဆေးကုမ္မဏီအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးကုမ္မဏီများတွင် ‌ဆေးဝါးများ၏ ဈေးနှုန်းတက်/ကျ အခြေအနေ၊ ဆေးပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး  သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ သုံးစွဲရန်မသင့်တားမြစ်ထားသော ‌ဆေးဝါးများရောင်းချခြင်း မရှိစေရန်နှင့်ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ ရန်ကင်း အထက (၁) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂.၁၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊  ရန်ကင်းအထက (၁)တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး )က  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင်တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page၊   DOCA Myanmar Page၊  CICC (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်းဖုန်းခေါ်ဆိုမေးမြန်း တိုင်ကြားးနိုင်ပါကြောင်း    တိုင်ကြားနိုင်သည့်နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ဆရာ/ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

အသင့်စား စားသောက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် ၂.၁၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ One Stop Mart များတွင် အသင့်စားစားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် One Stop Mart များတွင် ရောင်းချနေသော အသင့်စားစားသောက်ကုန်ပစ္စည်းများတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်း ဝေးစေရေးအတွက် ကုန်အညွှန်းအမှတ်မပြည့်စုံသောကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂.၁၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ    One Stop Mart  များတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် လူသုံးကုန်ပစ္စည်းများအားဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် One Stop Mart  အတွင်းရောင်းချနေသော လူသုံးကုန်များအား   FDAထောက်ခံချက်ပါရှိသည့်အပြင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားကြောင်းစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့်  သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူအသိပညာပေး ဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.ထ.ကတော်ကူးကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။     

        ထိုသို့ စားသုံးသူအသိပညာဟောပြောပွဲ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနတို့က ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်နှင့်စာပေအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာဖြင့် ကုသနိုင်သည့်ရောဂါများအကြောင်း၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စစ်ဆေးရေးအရာရှိများနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ စားသုံးသူအခွင့်အရေးနစ်နာမှုများ ကာကွယ်ပေးနိုင်ရေးအတွင် ကုန်စည်အုပ်စုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သတ်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများသိရှိစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ စုစုပေါင်း (၁၃၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနိုင်မှ ယခုကဲ့သို့ လာရောက်၍ အသိပညာပေးဟောပြောပွဲခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ပျံကျဈေးဆိုင်များရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်၊ စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ဒီဇင်ဘာလ(၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်အေမီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးသောင်းရွှေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အိနန္ဒာကျော်နှင့် ကျန်းမာရေးမှူး အဆင့်(၁) ဦးစိုးဝင်းထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးဆမ်းပန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သဲစုရီနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  ပဲပြား၊ ပဲသွေး၊ မျှစ်အဝါ၊ မျှစ်အနီ၊ စိမ်းစားငံပိ (မျှင်ငံပိ)တို့တွင် Auramine-O ခွင့်မပြုဆိုးဆေးပါဝင်ခြင်းမရှိသော အမျိုးအစားများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေး အသိပညာပေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရပ်ကွက်များရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက် များအတွင်းရှိ ဆန်ဆိုင်များသို့ ဒီဇင်ဘာလ(၁)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ အမှတ်၂(၁၁၉) စည်ပင်လမ်းပြည်တော်သာရပ်ကွက်ရှိ ရတနာလွင်ဆန်ဆိုင်၊ အမှတ်(၁၃၅) စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ စန်းသော်တာ ဆန်ဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနမှ ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်လျက်ရှိရာ ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News