Main menu

HighLight News

Powered by Drupal

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ၁.၄.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စားသုံးသူ ရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် မြို့ပေါ် ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ဆေးဝါးများနှင့် ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်သော ဆေးဝါးများနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်ကိုက်ညီသောဆေးဝါးများ ရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်းခတ်မှုန်နှင့် အရသာမှုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဒေသတွင်းဈေးကွက်အတွင်း ရောင်းချနေသော အရသာမှုန့်နှင့် ဟင်းခတ်ပစ္စည်းအမျိုးမျိုးကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန (DOCA) နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက ပူးပေါင်း၍ ဧပြီလ ၂ရက်နေ့ ၂၀၂၆ခုနှစ် နံနက် (၀၈း၀၀)နာရီအချိန်က မြို့မဈေးအတွင်း ပုံမှန်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် စစ်ဆေးရေးအရာရှိမှ မြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များမှ ရောင်းချနေသော ဟင်းခတ်မှုန်နှင့် အရသာမှုန်များ ထုတ်ကုန်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ စားသုံးရန်မသင့်သော သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဟင်းခတ်မှုန့်တွင် ဖော်ပြသော အလေးချိန်ဂရမ်များအတိုင်း ပြည်မီမှု ရှိမရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ စစ်ဆေးခြင်းကို မြို့နယ်အသီးသီးရှိ ကုန်စုံဆိုင်များ နှင့် ဈေးများ တွင် ကွင်းဆင်းဆောင်ရွက်နေပြီး၊ သတ်မှတ်ချက်နှင့် မညီညွတ်သော ထုတ်ကုန်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းနှင့် သတ်မှတ်ချက်များကို လိုက်နာမှုမရှိသော ကုန်စည်များရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက လိုအပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်(၁၂) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဗူးသွပ်ဆီ၊ ဆပ်ပြာအမျိုးမျိုး အချိုရည်အမျိုးမျိုးရောင်းချသော မွန်းလိုက်ကုန်စုံဆိုင်အား ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်သည် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် မွန်းလိုက်ကုန်စုံဆိုင် အပါအဝင် ဈေးကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ၂.၄.၂၀၂၆ နေ့ နံနက် (၁၀း၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဗူးသွပ်ဆီ၊ ဆပ်ပြာနှင့် အချိုရည်ဗူးများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်အလက်များ (ဥပမာ - ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းနှင့် သုံးစွဲပုံညွှန်ကြားချက်) ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရန် ကြပ်မတ်စစ်ဆေးခြင်း၊ သက်တမ်းလွန်နေသော ကုန်စည်များ သို့မဟုတ် စားသုံးရန်မသင့်သော တားမြစ်ကုန်စည်များ ရောင်းချခြင်း ရှိ/ မရှိကို စားသုံးသူကာကွယ်ရေးဥပဒေအရ စစ်ဆေးအသိပညာပေးခြင်းကို စစ်ဆေးရေးမှူး ဦးဇော်မင်းမှ စဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကျေးရွာများရှိ စားအုန်းဆီရောင်းချသူ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

       မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းဝေးခန်းမတွင် ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ လပါတ်အစည်းဝေးတွင် စားအုန်းဆီရည်ညွှန်ဈေးဖြင့် ရောင်းချမှုအခြေအနေ မိမိရပ်ကွက်ကျေးရွာအတွင်းရှိ လက်လီဆိုင်များမှ ဈေးနှုန်းမြှင်တင်ရောင်းချမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် စားဆီပြတ်လပ်မှုမရှိအောင်ဆောင်ရွက်ထားရှိမှုအား သိရှိနိုင်ရန် လုပ်ငန်းရှင် အသိပညာပေးရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။

           တွေ့ဆုံရှင်းလင်းပွဲတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိက ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း စားသုံးသူများအတွက် စားအုန်းဆီ လုံလောက်စွာရရှိစေရန်နှင့် စနစ်တကျဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများ အစိုးရမှ ခွဲတမ်းချထားပေးသောဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် အခြင်အတွယ် မှန်ကန်စေရန် လမ်းညွှန်ချက်များကိုလည်းကောင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ခြင်း၊ အလေးချိန်ခိုးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်၍ ဆီများကို သိုလှောင်ထားခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနများမှ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြင်းထန်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို  ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး အစည်းအဝေးတွင် တက်ရောက်သူ (၄၅) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စားဆီနှင့် စက်သုံးဆီ ဆီရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး

         မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စားသုံးဆီနှင့် စက်သုံးဆီရောင်းချသူများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများ တွေ့ဆုံ၍ ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့က မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ရှင်းလင်းရာ ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီထုတ်ယူမှုနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများကို မှန် ၆မှန်နှင့်အညီဆောင်ရွက်မှုကို လုပ်ငန်းရှင်များအား ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်ဘက်မှ ဆီခွဲတမ်းများကို သတ်မှတ်ရက်အတွင်း အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရန်ကိုလည်းကောင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် အဖွဲ့စုံစစ်ဆေးရေးအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ချက်များကို လေးစားလိုက်နာစွာ ဆောင်ရွက်သွားရန်ကိုလည်းကောင်း၊ မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူးမှ မအူပင်စက်သုံးဆီဆိုင်လုပ်ငန်းရှင်များကို ရှင်းလင်းရာ စက်သုံးဆီဆိုင်များအနေဖြင့် မိမိတို့ဆီဆိုင်များ၏ရရှိ/ ရောင်းချ/လက်ကျန်စာရင်းများ မှန်ကန်စေရေး၊ စုံ/မခွဲခြား၍ စက်သုံးဆီများအား  ဖြည့်သွင်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးသုံးဆီများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ဝယ်ယူပါက ရောင်းချပေးရန်ဆွေးနွေးပြောကြားပြီး စက်သုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ စက်သုံးဆီအရောင်းကိုယ်စားလှယ် (၁) ဦးမှ ဒေသခံတောင်သူများ၏ စက်သုံးဆီလိုအပ်ချက်အား ဖြည့်တင်းနိုင်ရေးအတွက် ကျေးရွာအုပ်စုများအား ဆီဆိုင်တည်ရှိရာ နယ်မြေအလိုက် ခွဲခြားသတ်မှတ်‌ပေးရန် တင်ပြ‌ဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပြီး အစည်းအဝေးသို့ ဆီလက်လီလုပ်ငန်းရှင် ၂၅ဦး စက်သုံးဆီဆိုင်လုပ်ငန်းရှင် ၁၅ဦး စုစုပေါင်း ၄၀ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စားအုန်းဆီ လက်လီရောင်းချဖြန့်ဖြူးသူ လုပ်ငန်းရှင်များအား ဆီရောင်းချမှုနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

         မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ၂၀၂၆ခုနှစ်ဧပြီလ ၃ ရက်နေ့ နေ့လယ် (၁၅.၀၀)နာရီအချိန်တွင် မြို့နယ်ဦးစီးမှူးရုံးခန့်မ၌ လက်လီ/လက်ကားအရောင်းဆိုင်များအား စျေးနှုန်းကြီးမြင့်စွာရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        ရှင်းလင်းဆွေးနွေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ မြို့နယ်အတွင်း ဆီရောင်းချသူ လက်လီဆိုင်ရှင်များအား မိမိတို့ဌာနအနေဖြင့် စားအုန်းဆီနှင့် ပတ်သက်၍ ဖြန့်ဖြူးမှုစနစ်တကျရှိစေရေး ရန်ကုန်တိုင်းအတွင်းကုမ္ပဏီများမှ ပုသိမ်မြို့မှတဆင့် ခရိုင်များသို့  စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြည်သူများ လုံလောက်စွာဝယ်ယူရရှိနိုင်စေရန် ကြပ်မတ်ဆောင်ရွက်နေပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော လက်လီဈေးနှုန်းများဖြင့် ရောင်းချစေရန်၊ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့နယ်ဆီလက်လီရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများထံ အလေးချိန်မှန်ကန်ပြည့်ဝစွာ သတ်မှတ်ရက်များအတွင်း အမှန်တကယ်ရောင်းချပေးနိုင်ရန်ကို ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်တို့ဘက်မှ မိမိတို့ သတ်မှတ်ရရှိသော ဆီခွဲတမ်းများ မရရှိပါကလည်း ဌာနသို့ အကြောင်းကြားနိုင်ကြောင်း၊ ဆီများကို သိုလှောင်ခြင်းများမပြုလုပ်ရန် ဒေသတွင်းစားသုံးမှုဖူလုံရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပြီး  ခွဲတမ်းရရှိဆီအားအ​ပြည့်အဝရောင်းချရန်နှင့် မိမိတို့ဆိုင်အလိုက် ရောင်းချပေးသည့် စာရင်းများအား သေချာစွာပြုစုထားရန် အသိပေးမှာကြား ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ လုပ်ငန်းရှင် ၃၀ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ (အိမ်ရှင်မဆီ) ပါတ်သက်၍ စျေးနှုန်းများ မှန်ကန်မှုရှိစွာ‌ရောင်းချနိုင်ရေး လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေး

           စားအုန်းဆီ (အိမ်ရှင်မဆီ) ပါတ်သက်၍ စျေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ အလေးချိန်မှန်ကန်ပြည့်ဝစွာ ရောင်းချနိုင်ရေး စျေးနှုန်းကြီးမြင့်နေခြင်းမရှိစေရေးတို့နှင့် ပါတ်သက်၍ လုပ်ငန်းရှင်တွေ့ဆုံပွဲ အစည်းအဝေးကို ပန်းတနော်မြို့နယ် ဆီအသင်းအဖွဲ့များ လက်ကားကိုယ်စားလှယ်များနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက zoome meeting ဖြင့် တွေ့ဆုံးဆွေးနွေး ရှင်းလင်းဆောင်ရွက်ခြင်းကို မတ်လ ၃၀ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      တွေ့ဆုံရှင်းလင်းရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပန်းတနော်မြို့နယ် ဆီအသင်းအဖွဲ့များ လက်ကားကိုယ်စားလှယ်များအား ဌာန၏ ဆီရောင်းချဖြန့်ဖြူးမှုနှင့် စပ်လျဉ်း၍ အမိန်၊ ညွှန်ကြားချက်များကို ရှင်းလင်းခြင်း၊ အခြေခံလက်ကားရည်ညွှန်းဈေး: စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ကမ္ဘာ့စားအုန်းဆီဈေးနှုန်း အတက်အကျအပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းဈေးကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်ပေးလျက်ရှိပြီး၊  စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ ဈေးနှုန်းထက် အချို့သောမြို့နယ်များမှာ မြှင့်တင်ရောင်းချခြင်း ကြားသိရပြီး၊ ခွဲတမ်းရရှိထားသော ဆီများကို ပြည်သူများထံ အပြည့်အဝမရောင်းချခြင်း သို့မဟုတ် သတ်မှတ်ဈေးထက် ပိုမိုတင်ရောင်းခြင်းများ မရှိစေရန် ကြပ်မတ်ဆောင်ရွက်နေပြီး လက်ကားကိုယ်စားလှယ်များမှ ရောင်းချရာတွင် အခြင်အတွယ်မှန်ကန်စွာ ရောင်းချစေရေးနှင့် မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်သွား မည်ဖြစ်ကြောင်း ကိုရှင်းလင်းခြင်း၊ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် နည်းလမ်းများဖြင့် ဖြန့်ဖြူးခြင်းများပြုလုပ်ပါက "အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ" အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များဘက်မှ သတ်မှတ်စည်ကမ်းများအတိုင်း လိုက်နာရောင်းချသွားရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသအလိုက် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ဝဘ်ဆိုက် တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးပြောကြားထားပြီး သတ်မှတ်ဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် မသမာမှုများကို တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းကို အသိပညာပေးဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ၎င်း အစည်းအဝေးသို့ လုပ်ငန်းရှင် (7)ဦးတက်ရောက်ခဲ့ပြီး လိုအပ်ချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် Gasifier သုံးစွဲမှုများ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ လှေဆိပ်ရှိ  ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်အနေဖြင့် Gasifire အသုံးပြုနေမှုဆန်စက် ၂ စက်ရှိပြီး  MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်ထုတ်လုပ်မှုနှင့် ပက်သက်၍ အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/ မရှိ၊ ဆန်စပါး လက်ရှိထွက်ပေါ်နေမှု ဈေးနှုန်းဈေးကွက်အခြေအနေ၊ ဈေးကွက်အတွင်း ကြိတ်ခွဲထုတ်လုပ်ရောင်းချတင်ပို့နိုင်မှု အခြေအနေတို့ကိုစစ်ဆေးခဲ့သည်။ Gasifire အသုံးပြု၍ ဆန်စက် လည်ပတ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ်မောင်းနှင်ရန်၊ Gasifire စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ စပါးခွံ ဂိုဒေါင်များ စနစ်ကျစွာဆောက်လုပ်ထားမှုရှိ/ မရှိတို့ကို ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်သူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးသည် ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့် စပ်လျဉ်း၍  အသိပညာပေး  အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဟောပြောဆွေးနွေးမှုတွင် ရပ်ကွက်နေပြည်သူများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ၂၀၁၂ခုနှစ် ဩဂုတ်လ(၁၀) ရက်နေ့တွင် အခန်း(၅)ခန်း၊ ပုဒ်မ(၁၂)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့်ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တားဆီးနိုင်ရန်ရည်ရွယ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုး၊ တိရိစ္ဆာန်တစ်မျိုးမျိုးနှင့် ဝန်ဆောင်မှုတစ်မျိုးမျိုး စသည်တို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်သွင်း၊ တင်ပို့၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ပုဒ်မ(၄)ဖြင့်ဖော်ပြထားပြီး၊ မည်သူမဆို ပုဒ်မ(၄)အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း   စသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        ရွှေစျေးနှုန်းတည်ငြိမ်စေရေး မြို့နယ်ရွှေဆိုင်လုပ်ငန်းရှင်များဖြင့် တွေ့ဆုံ၍ အစည်းအဝေးကို ၄.၄.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ရွှေစျေးနှုန်းတည်ငြိမ်စေရန် သတ်မှတ်စျေးနှုန်း ဖြင့်သာ ရောင်းချနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         အစည်းအဝေးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ရွှေဆိုင်လုပ်ငန်းရှင်များကို ရွှေစျေးနှုန်းတည်ငြိမ်စေရေးနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီးရွှေဆိုင်များ၊ ရွှေလုပ်ငန်းရှင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အဆင်ပြေစေရန် သတ္ထုလိုင်စင်များကိုလည်း လျှောက်ထားပြုလုပ်ကြရန်၊ လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ရန်၊ အခွန်ထမ်းဆောင်သူ လုပ်ငန်းရှင် ဟုတ်မဟုတ်၊ အထက်ဌာနများ၏ အမိန့်၊ ညွန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်သွားရန် မှာကြားဆွေးနွေးခဲ့ပြီး ရွှေဆိုင်လုပ်ငန်းရှင် ၁၃ ဦးတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News