Main menu

HighLight News

Powered by Drupal

ဒေးဒရဲမြို့၌ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင်   ဆေးဝါးများ စျေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိရေးနှင့် ပြတ်လပ်မှုမရ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ယနေ့မွန်းလွဲ (၁၄)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါးအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီး ဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင် (၆)ဆိုင်တွင် ဆေးဝါးများ စျေးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရှိရပါသည်။

DOCA(ဧရာဝတီ)

"သစ်ဆန်းညွှန့်"ဆေးနှင့်စတိုးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်း

          ၂၆.၁၁.၂၀၂၅ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ် "သစ်ဆန်းညွှန့်" ဆေးနှင့်စတိုးဆိုင်အား ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်ဌာနများပါ၀င်သော ပူးပေါင်းအဖွဲ့သည်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
        အဆိုပါကွင်းဆင်းမှုတွင် ဈေးကွက်အတွင်းဆေးနှင့် ဆေးပစ္စည်းများအားလက္ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆေးသိုလှောင်ရုံနှင့် ဆေးဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးမှုကိုပြုလုပ်ခဲ့ပြီး ဆေးဝါးများ ဈေးနှုန်းများအတက်/အကျဖြစ်ပေါ်နေမှုအခြေအနေ၊ ဆေးဝါးပစ္စည်းလက်ကျန်အနေအထားပေါ်မူတည်၍ ဆက်လက်ရောင်းချနိုင်မည့်အခြေအနေ၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး  ဆောင်ရွက်ထားရှိမှုအခြေအ‌
နေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်ဦးစီးဌာနတွင်  စားသုံးသူကာကွယ်ရေးဥပဒေအ‌ကြောင်း အသိပညာပေးခြင်း

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတွင် အမျိုးသမီးသင်တန်းသူများကို စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ၂၆.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်မှ (၁၀း၄၅) နာရီအချိန်အထိ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

    သင်တန်းပို့ချရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေမှ စားသုံးသူကာကွ‌ယ်ရေး အသိပညာပေးခြင်းလုပ်ငန်း၏ သဘောသဘာဝ၊ စားသုံးသူကာကွယ်ရေး အသိပညာပေးရာတွင် ထည့်သွင်းတွက်ချက်သင့်သည့်အချက်များအကြောင်း၊ ထိခိုက်လွယ်သည် စားသုံးသူအကြောင်း၊ စားသုံးသူအသိပညာပေးခြင်း အစီအစဉ်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များအကြောင်းကို သင်တန်းသူ( ၁၅)ဦးအားရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူသင်တန်းသူများ သိရှိလို၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ ပန်းဖလက်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ရှိ စက်မှုလုပ်ငန်းများဖြင့် မုန့်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား အကြောင်း အသိပညာပေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်ရှိ စက်မှုလုပ်ငန်းဖြင့် လုပ်ကိုင်နေသော မုန့်လုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးအား စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအကြောင်းကို လုပ်ငန်းရှင် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး ခန်းမတွင် ၂၃.၁၁.၂၀၂၅ ရက်နေ့က နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ဆွေးနွေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဒေသတွင်းတပိုင်တနိုင် မုန့်လုပ်ငန်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသူများဖြစ်သော အဆွေတော် နှမ်းလုံးမုန့်လုပ်ငန်း၊ ကောင်းစံမရွှေးလုပ်ငန်း၊ အားမီမရွေးလုပ်ငန်း၊ တက်နေဝန်း ပဲမုန့်၊ ဇကာကြီးသူ မုန့်ဟင်းခါးအမှစ်လုပ်ငန်း၊ အခြားသော ပေါင်မုန့်၊ ကိတ်မှန်လုပ်ငန်းအမျိုးမျိုးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းဆွေးနွေးပြီး ဈေးကွက်မရောက်မှီကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်လုံခြုံ စိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသား ထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပေးခြင်းကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မုန်ထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့မုန့်ထုတ်လုပ်မှုလုပ်ငန်း၏ ကုန်ကျစရိတ်နှင့် ထွက်ရှိမှုအကျိုးအမြတ်၊ ရောင်းချမှုဈေးနှုန်းများကို ပန်းဖလက်များပြုလုပ်၍ ထားရန်လိုအပ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး လိုက်နာဆောင်ရွက်နိုင်စေရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ စပါး၊ ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

         ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးသည် ၂၄.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ(၁)တွင် ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်၏ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်၊ စပါးကုန်သည်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဝန်ကြီးမှ ဆန်၊ စပါးဖူလုံသော တိုင်းဒေသကြီးဖြစ်သော်လည်း အမှန်တကယ် စပါး၊ ဆန်လက်ကျန်မြေပြင်လက်ကျန် စာရင်းကောက်ယူရခြင်းမှာ ဆန်၊ စပါးစီးဝင်စီးထွက် အခြေအနေများ၊ စားသုံးရန်လိုအပ်ချက်နှင့် အမှန်တကယ်ပိုလျှံမှု အခြေအနေများတွက်ဆပြီး ပြည်ပပို့ကုန်လျာထားနိုင်ရန်အတွက်ဖြစ်ပါကြောင်းနှင့် အဓိကအားဖြင့် ပေါ်ဆန်းဆန်နှင့်ကောက်ညှင်းဆန်များပြည်ပတင်ပို့ရန် စီစဉ်ထားရှိမှုများရှင်းလင်းခြင်း၊  ဆန်၊ ဆန်ထွက်ပစ္စည်းများတိုင်းကျော်ပေးပို့သည့်ကားများတွင် ကုန်ပို့လွှာပါရှိရေးနှင့် စပါး၊ ဆန်သိုလှောင်ရောင်းဝယ်သူများမှ MyROမှတ်ပုံတင်ရန် ကျန်ရှိသူများရှိပါက မှတ်ပုံတင်ထားရှိရန်နှင့် လစဉ်ဆန်၊စပါးလက်ကျန် ဖြေဆိုရန်အခက်အခဲရှိပါက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကိစ္စရပ်များပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို (၂၄-၁၁-၂၀၂၅) ရက်နေ့ နေ့လယ် (၁၄၀း၀)နာရီအချိန်က မြို့နယ်အတွင်းလိုက်လံစစ်ဆေးကြသည်။

        အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသော ပန်းစံအရောင်းဆိုင်၊ သမာဓိအရောင်းဆိုင်မှရောင်းချသော အိမ်ဆောင်ပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင် ပန်းတနော်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းသံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံးသံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ဒေသတွင်း ကျောက်၊ သဲရောင်းချမှု ဈေးနှုန်းအခြေအနေများ၊ ဘိလပ်မြေမှာယူရောင်းချမှုနှင့် အခက်အခဲ ရှိ/မရှိ၊ ဈေးကွက်အတွင် ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ ဆိုင်အတွင်း ဘိလပ်မြေလက်ကျန်အခြေအနေများကို ကြည်ရှုမေးမြန်းပြီး ၊ ဘိလပ်မြေအမျိုးအစား ဈေးနှုန်း လက်ကားဝယ်ယူနေမှု လက်လီရောင်းချမှု အခြေအနေများကို မေးမြန်းစစ်ဆေးပြီး စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၊ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်နေပြည်သူများအား ၂၅.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်က ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍  စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

        ဟောပြောပွဲတွင် ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို ကွင်းဆင်းဟောပြောခဲ့ကြောင် သိရသည်။

          ထို့နောက် တက်ရောက်လာသည့် ပန်းတနော်ရပ်ကွက်နေပြည်သူများက စားသုံးသူရေးရာဆိုင်ရာ ဟောပြောမှုများအပေါ် မရှင်းလင်းသည်များ မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ ခေါ်ဆိုနိင်မှု အဆင့်ဆင့်ကို ရပ်ကွက်နေပြည်သူများ သိရှိနိုင်ရန် ရှင်းလင်းပြသခဲ့ပြီး ရပ်ကွက်နေပြည်သူတစ်ဦးက စားသုံးသူအခွင့်အရေးဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်လို့ရသောဖြစ်စဉ်ကို သိရှိလို၍ မေးမြန်းလာသဖြင့်  ဦးအောင်ကျော်သက်မှ အမှန်တကယ်နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်း ၇မျိုးအကြောင်း ကိုပါ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက် သိုလှောင်ရုံများရှိ စပါးဆန် သိုလှောင်ထားရှိမှုနှင့် ပြည်ပတင်ပို့နိုင်မှုများကို စစ်ဆေးခြင်း

         ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဒေသထွက် လယ်ယာထွက်ကုန်များကို ပြည်ပတင်ပို့နိုင်ရန် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး၊ လစ် ပို့ကုန်နှစ်ဆ တင်ပို့သည့်လုပ်ငန်းစဉ်အခြေအနေများကို ဆွေးနွေးခြင်း၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် ညောင်တုန်းမြို့နယ်ရှိ Aung Naing Thitsar Co.,Ltd Myanmar Broken Rice B 1,2 (Sortexed) 2080MT ကို ၂၆ .၁၁.၂၀၂၅ရက်နေ့ နံနက် (၁၀း၀၀ )နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် MITSအဖွဲ့ တို့ပူးပေါင်း၍  ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဦးအောင်လွင်မြို့နယ်ဦးစီးမှူးက သိူလှောင်ရုံတာဝန်ခံနှင့် တွေ့ဆုံ၍ သိုလှောင်ရုံ စပါး/ဆန် သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းများ၊ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များက မှတ်ပုံတင်ခြင်းကို ကဏ္ဍအလိုက်ရှင်းလင်းပြီး ဆန်၊ စပါးသိုလှောင်မှု ရ၊ထုတ်၊ကျန် စာရင်းများကို ပုံမှန်စာရင်းဖြ်သွင်းမှုအခြေအနေများကို စစ်‌ဆေးဆောင်ခဲ့ပြီး သိုလှောင်ရုံမှဆန်များ ပြည်ပသို့ အရည်အသွေးမှီတင်ပို့နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သရဖူဆီစက်လုပ်ငန်း MSMEလုပ်ငန်းဖွဲ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

      ညောင်တုန်းမြို့နယ် အမှတ် ရပ်ကွက်ရှိ ပြည်ကျော် မြေပဲဆီစက်လုပ်ငန်းသို့ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနတို့နှင့်အတူ ဈေးကွက်မရောက်မှီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးတို့အတွက် ၂၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်လွင်က ဈေးကွက်မရောက်မှီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ပညာပေးဆောင်ရွက်ခြင်း၊ မြေပဲဆိကြိတ်ခွဲထုတ်လုပ်မှု  လုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ ဆီကြိတ်ခွဲထွက်ရှိပါက ဆီရောင်းချသည့် ဈေးနှုန်းဈေးကွက်အခြေအနေများ  ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးခြင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား တည်ဆဲဥပဒေများနှင့် အညီမှတ်ပုံတင်ခြင်းကြီးကြပ်စစ်ဆေးခြင်း၊ ဘွိုင်လာနှင့် လျှပ်စစ်သုံးလုပ်ငန်းများ ဘေးကင်းစွာဆောင်ရွက်နိုင်ရေး၊ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း စသည် လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအစည်းအဝေးခန်းမတွင် ကျောင်းသား/သူများအား စားသုံးသူအသိပညာပေး ဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင်သည် (၅.၁၁၂၀၂၅) ရက်နေ့ နေ့လယ်ပိုင်းက ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြင့်မားရေးနှင့် လူငယ်အသိပညာပေးပွဲသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင်က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပြီး တိုင်ကြားလိုရသည့် နည်းလမ်း၇မျိုးအကြောင်းကိုအကျယ်တဝင့်ရှင်လင်း ဟောပြောခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန် အလွယ်တကူ စုံစမ်းနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ပါကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

       ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်-၁ မှ  ကျောင်းသားကျောင်းသူ ၂ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News