Main menu

HighLight News

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ‌မေလအတွင်း စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု

      စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများ၊ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ စားသုံးသူအကျိုးစီးပွား နစ်နာဆုံးရှုံးများ တိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပခြင်း၊ အွန်လိုင်းစနစ်အသုံးပြုသော စားသုံးသူရေးရာသင်တန်းသင်တန်းဖွင့်လှစ်ခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ စန်းမြို့ရပ်ကွက်ရှိ ICEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ ကလေးဝမြို့၊ စည်ပင်ရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများအားလည်းကောင်း၊ ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်ရှိ ပြည်သူများအားလည်းကောင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ “ယောနသန်”သောက်ရေသန့်စက်ရုံတွင်လည်းကောင်း၊ ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တန်ဖိုးမြှင့်ထုတ်ကုန်မုန့်မျိုးစုံ သင်တန်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ခိုင်သဇင် မြေပဲစားလှော်အလုပ်ရုံတွင်လည်းကောင်း အသိပညာပေးဟောပြောခြင်း စုစုပေါင်း (၇)ကြိမ်နှင့် ၂၀၂၆ ခုနှစ်၊ မေလအတွင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

         စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေး၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းရှင်များဖြစ်လာစေရေးတို့ကိုရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့်(၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ(၂ )ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်( ၅)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၀)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင်စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၅.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေပွင့် တိုင်းရင်းဆေးလုပ်ငန်းအား ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ရွှေပွင့်တိုင်းရင်းဆေးလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် တိုင်းရင်းဆေးများတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊  Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်၏ (၅/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ရွှေဘိုခရိုင်အနေဖြင့် (၅/၂၀၂၆)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့ ဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရွှေဒေဝီကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် ရတနာပုံဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊  အမှတ်(၇)ရပ်ကွက်ရှိ ပြည့်စုံကြွယ်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်နှင့် သန်းထိုက်အောင်ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်တို့အားလည်ကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ရွှေပွင့်အမှတ်တံဆိပ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအားလည်းကောင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများ စစ်ဆေးခြင်းကို ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ Yo Yo စားသောက်ဆိုင်နှင့် ငွေရောင်နဂါးစားသောက်ဆိုင်တို့အားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ပေါ်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

              စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်းတပ်ဖွဲ့တို့ပါဝင်သော ရွှေဘိုခရိုင် Mobile Team အဖွဲ့ကိုဖွဲ့စည်းထားရှိရာ အဆိုပါအဖွဲ့ဖြင့် (2၅.၅.၂၀၂၆)ရက်နေ့၊ နံနက် (09:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေလင်းအိမ်စတိုးဆိုင်၊  ဝေဝေထွန်းကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်၊ ရတနာဇော်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ မွတ္တားဆေးနှင့်ဆေးပစ္စည်း ရောင်းဝယ်ရေးဆိုင်နှင့် ခင်လေးနွယ် ကုန်မျိုးစုံးရောင်းဝယ်ရေးဆိုင်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် အသိပညာပေးခြင်းနှင့် ရောင်းချသည့်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊  လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊  SME Member Card ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာဌာန၏ လုပ်ငန်းလိုင်စင်များမရှိပါက ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၆ခုနှစ်၊ ကန့်ဘလူခရိုင်၏ မေလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၆ခုနှစ် မေလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ (သို့မဟုတ်) ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/ မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  ဒေါ်ခင်မျိုးမြင့် ကုန်စုံဆိုင်နှင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မက်ဒီကယ် ဆေးဆိုင်များအားလည်းကောင်း၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ စံမြေပဲဆီသန့် ဆီစက်အားလည်းကောင်း စုစုပေါင်းဈေးကွက်စောင့်ကြည့် (၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များဖြည့်သွင်းခြင်း လုပ်ငန်းစဉ်များ လိုက်ပါဆောင်ရွက်နိုင်ရေး အသိပညာပေး

             စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်   မြန်မာဆန်စပါးအွန်လိုင်း( MyRO) တွင်  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် (သို့) စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမှ  ဆန်/စပါး သို လှောင်ရုံ မှတ်ပုံတင်ထားသူ (၁၈၇)ဦးရှိကြောင်း သိရှိရပါသည်။

               ( Myanmar Rice Online – My RO ) Website www.myro .com.mm တွင် ( MyRO) တွင်   မှတ်ပုံတင်ထားခြင်းမရှိသေးသည့် ဆန်စပါး သိုလှောင်ရုံ၊ ဆန်စက်၊ ဆန်ဆိုင်ပိုင်ဆိုင်သူများအား မှတ်ပုံတင်နိုင်ရေး တိုင်းဒေသကြီးဆန်ကုန်သည်အသင်းနှင့် တွေ့ဆုံ၍ တိုက်တွန်းနှိုးဆော်ခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက  ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင် ခြင်းဆိုင်ရာအမိန့်အမှတ် ၈၂/ ၂၀၂၄ အရ စိစစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်ဖြည့်သွင်းခြင်းလုပ်ငန်းစဉ်များကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ဖြည့်သွင်း ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း များက တယ်လီဖုန်းဖြင့် သော်လည်း ကောင်း၊ Online  မှတဆင့်သော်လည်းကောင်း၊ လုပ်ငန်းရှင်များက ရုံးသို့ လူကိုယ်တိုင်လာရောက်၍ မေးမြန်းရာတွင်းလည်းကောင်း နည်းပညာပိုင်းဆိုင်ရာများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ဆန်စက်လုပ်ငန်းရှင် (၁၁၁)ဦးအားအသိပေးဆွေးနွေးခြင်းလုပ်ငန်းကို  တိုင်းဒေသကြီး ဆန်ကုန်သည်အသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် စားသုံးသူရေးရာကော်မတီ(၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၆) ကို (၂၈.၅.၂၀၂၆) ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

        အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဦးအောင်ဇော်ဦးက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အနေနဲ့ လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့တာကို သိရှိရပါကြောင်း၊ ယခု ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ဖို့လိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များအနေဖြင့် စားသုံးသူပြည်သူများက စားသုံးသူအခွင့်အရေး(၈)ချက်ပါ မူလရပိုင်ခွင့်များ အပြည့်အဝရရှိနိုင်ရေးအတွက် စားသုံးသူအသိပညာပေးခြင်းလုပ်ငန်းများနဲ့ စားသုံးသူနစ်နာမှုများရှိပါက တိုင်ကြားတတ်စေဖို့၊ တိုင်ကြားလာတဲ့အခါများတွင် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့လိုအပ်လျင် စီးပွားရေးလုပ်ငန်းရှင်များကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူပြီးစားသုံးသူနစ်နာမှုကို ကုစားပေးဖို့လိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အခြေခိုင်မာစွာ ထိရောက်အောင်ဆောင်ရွက်၍  ရလဒ်ကောင်းများ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို အနှစ်သာရရှိရှိဖော်ထုတ် ဆွေးနွေးပေးကြဖို့နဲ့ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းတွေကို စိတ်ပါလက်ပါနဲ့ အချိန်ပေးပြီးမိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး  ဦးမင်းမင်းက ယခင်အစည်းအဝေး(၂/၂၀၂၆) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်၊ ဧပြီလမှ မေလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းသိကောင်းစရာ အကျဉ်းချုပ်ကို စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထက်ဝင်းအောင်ကလည်းကောင်း၊ စားသုံးသူရေးရာကော်မတီသို့တင်ပြသည့်အမှာစာများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက ဖတ်ကြားရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ကော်မတီဥက္ကဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် “စံ” မြေပဲဆီသန့် ဆီစက်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ (၂၅)ရက် နေ့နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ စံမြေပဲဆီသန့် ထုတ်လုပ် ရောင်းချသည့်ဆီစက်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ ကျွန်းလှမြို့မစခန်းမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးတို့ ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေးကွက်မရောက်မီစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         “စံမြေပဲဆီသန့် ထုတ်လုပ်ရောင်းချသည့်ဆီစက်တွင် ရောင်းချနေသော မြေပဲဆီသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချနေခြင်း ရှိ/မရှိ တို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ လစဉ် လျာထားချက်များ သတ်မှတ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ စံမြေပဲဆီသန့် ထုတ်လုပ်ရောင်းချသည့် မြေပဲဆီသန့်ဘူးများပေါ်တွင် ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်း ဖော်ပြထားသည်ကို စစ်ဆေးတွေ့ ရှိရပြီး မြေပဲဆီသန့်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း အသိပညာပေးပြောကြားခဲ့ပြီး မိမိတို့ဌာန၏ ဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိ  ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အနက် စားသာက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှူ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့်  စားသုံးသူ ပြည်သူများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မြေပြင်သို့ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ (၂၆)ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသာက်ဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ၊ ဝန်ထမ်း()ဦးတို့သည် မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အနက် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှု (၃)ချက်မှ အစားအသောက်များအား ပြုပြင်ရောင်းချသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များကို သန့်ရှင်း လတ်ဆတ်မှု၊ ထားသိုသိမ်းဆည်းမှုများတွင်  သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိနှင့် အခြားမည်သည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ အစားအသောက်များ ကိုင်တွယ်ချက်ပြုတ်မှု အသား/ ငါးများနှင့် အသီးအရွက်များကို သန့်ရှင်းလတ်ဆတ်စွာထားရှိမှု၊ ဆိုင်ဝန်ထမ်းများနှင့် ချက်ပြုတ်လုပ်ကိုင်သူများကို ကျန်းမာရေးဆေးစစ်ထားရှိခြင်းဖြင့် စားသုံးသူပြည်သူများ၏ ကျန်မာရေးအတွက် အကာအကွယ်ပေးထားခြင်းနှင့်  မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား(Size) ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ White Book ပေါ်တွင် ရေးသား၍  ကြိုတင်အသိပေး ဖော်ပြခြင်းများ ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး  စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေးအန္တရာယ်များ ကာကွယ်ရန်အတွက် ယခုကဲ့သို့ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန် ညွှန်ကြားမှုပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အလှကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ် ပေးနိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်များကိုလည်း လျော့နည်းစေနိုင်ရန်ရည်ရွယ်၍ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးအား (၂/၂၀၁၉)နှင့် အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ကန့်ဘလူမြို့နယ်အတွင်းရှိ  ကုန်စုံဆိုင်များနှင့် အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊  အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အောက်၊ (၁၀)ဂရမ်နှင့်အထက် ပစ္စည်းအမျိုးမျိုးအား စစ်ဆေးခဲ့ကြောင်း၊ တရားမဝင်တင်သွင်းလာသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိမရှိနှင့် အလှကုန်ပစ္စည်းအတုများရောင်းချခြင်းရှိ/မရှိတို့ကို အဓိကထားစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏တာဝန်များကို လိုက်နာရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News