
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ သာကေတရပ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းရောင်းချမှုများ၊ ဝယ်ယူမှုများနှင့်ပတ်သက်၍ သိရှိသတိပြုသင့်သည့်အချက်များ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၄၀၀ ဦးခန့်တက်ရောက်ခဲ့ပြီး ၁၁း၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
