Main menu

HighLight News

Powered by Drupal

“ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေ အနေကွင်းဆင်းစစ်ဆေး”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့အဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးကွက်ဈေးနှုန်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ပူးပေါင်း၍ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးများအား သက်ဆိုင်ရာဌာနများ အနေဖြင့် ထုတ်ပြန်ပေးလျက်ရှိရာ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် အဆမတန်မြှင့်တင် ဖြန့်ဖြူးရောင်းချခြင်းများ၊ ဈေးနှုန်းမြှင့်တက်စေရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ စာရင်းကောက်ယူ ”

       အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဈေးဆိုင်များသို့ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဒေါ်မူ၊ ဦးချမ်းသာကြီး၊ မိဘရိပ်၊ ဒေါ်လုံးလုံး ဆန် ဆိုင်များ၊ ဦးတင့်ဆွေဦး၊ ဦးသန့်ဇင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဦးဌေးလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်များ၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလားဆိုင် အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်နှင့် ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သား၊ ဘဲသားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်ဌေးကြည်၊ ဒေါ်မိုးကြည် ရေချိုရေငံ၊ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက်ဆိုင်နှင့် ဒေါ်စုကြည်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥလက်လီလက်ကားဆိုင်၊ ဒေါ်စိန်မမ၊ ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက်ကုန်စိမ်းအရောင်းဆိုင်တို့တွင် နိုဝင်ဘာလဆန်းပိုင်းနှင့် နိုဝင်ဘာလလယ်ပိုင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းတို့မှာ သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာသည်ကို မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အလယ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ ဟောပြောပွဲတွင် အလယ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ကျောင်းသား/ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုရေး၊ ကျောင်းစာကို ကြိုးစားသကဲ့သို့ ဗဟုသုတတိုးပွားရေးအတွက် ပြင်ပသုတ၊ ရသ၊ စာပေများကိုပါ လေ့လာဖတ်ရှု့ကြရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးမှုများ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ထုတ်ပြန်ပြဌာန်းရ ခြင်းဖြစ်ကြောင်း ၎င်းဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် စားသုံးသူကာကွယ်ရေးအကြောင်းအရာများကို အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ် ကျွန်းတောတိုးချဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျွန်းတောတိုးချဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးပွဲကို နိုဝင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျွန်းတောတိုးချဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူစားသောက်သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်သုံးစွဲကြရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဈေးကွက်အတွင်းရောင်းချနေသောထိုင်းနိုင်ငံထုတ်လူသုံးကုန်၊ အိမ်သုံးကုန်၊ စားသောက်ကုန် ပစ္စည်းဈေးနှုန်းများကွင်းဆင်းကောက်ခံခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့် ပြင်ပဆိုင်များတွင် ရောင်းချလျက်ရှိသော လူသုံးကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ကွင်းဆင်းကောက်ခံခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်း၍ ဈေးနှုန်းကောက်ခံရာတွင် စည်ပင်သာယာဈေးအတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းရောင်းချသောဈေးဆိုင်များနှင့် ဈေးပြင်ပရှိ ဈေးဆိုင်များတွင် ရောင်းချသောကုန်ပစ္စည်းများနှင့် ယခင်ပတ်၊ ယခုပတ်ဈေးနှုန်းများအား ကောက်ခံခဲ့ရာတွင်ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တမံကြီးကျေးရွာတွင်စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တမံကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ လ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကေခိုင်သည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

       ထိုအခမ်းအနားတွင် အ.ထ.က(ခွဲ)တမံကြီးကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်ဆက်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အသိပညာဗဟုသုတများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အားကစားမှူး ဦးခုတ်စွမ်းခိုင်က အားကစားနည်း(၄)မျိုးအား ရှင်းလင်းအသိပညာပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေ ပြဌာန်းထားရှိမှုနှင့် ဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအား အသိပညာပေးခြင်း၊ Online Sale ဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးခြင်းနှင့် အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် လိမ်လည်မှုများ မခံရစေရန် အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များအား ရှင်းလင်းခဲ့ပြီး စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာ မှုများရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center N0.1535 သို့ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်းအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ချစ်စန်းသူ ကလေးဝတ် လက်ကားသီးသန့် Online Sale အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် “ချစ်စန်းသူ ကလေးဝတ်လက်ကားသီးသန့်” Online Sale အား နှင်းဆီလမ်း၊ သာယာကုန်းရပ်ကွက်၊  မင်္ဂလာတောင်ညွန့်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ရန်ကုန်)

“အိုကေ ဂျပန်ပစ္စည်းများနှင့် အပိုပစ္စည်းအရောင်းဆိုင်” အား Online Sale မှတ်ပုံတင်နှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံ တင်ထားရှိမှုကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို  အိုကေ ဂျပန်ပစ္စည်းများနှင့် အပိုပစ္စည်းအရောင်းဆိုင်” အား  အမှတ်(၄၂၂)၊ ဗိုလ်မှုးဗထူးလမ်း၊  (၄၈)ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကိုသက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ရန်ကုန်)

“နေသစ်ထူးလွင်ပရိဘောဂလုပ်ငန်း” အား Online Sale မှတ်ပုံတင်နှင်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

     (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “နေသစ်ထူးလွင်ပရိ ဘောဂလုပ်ငန်း”အား အမှတ် (၅၆၃)၊ သခင်ဖိုးလကြီးလမ်း၊ (၄၃)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့သွားရောက်၍ ၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ /မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိစစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ် နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်၍ လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

“ Teacher Wai Zan Beauty & Business Trainer ”အား အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၂၀)နာရီအချိန်တွင် “ Teacher Wai Zan Beauty & Business Trainer”အား အမှတ်(၁၀၃)၊ ဗိုလ်မှုးဗထူးအိမ်ယာ၊ (၄၈)ရပ် ကွက်၊  မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News