Main menu

HighLight News

Powered by Drupal

လှိုင်ရတနာဈေးတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

       ၁၀.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လှိုင်မြို့နယ် ရတနာဈေးတွင်ရောင်းချလျက်ရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို  ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်း(၂) ဦးနှင့် ဈေးမှတာဝန်ခံ ဦးဇော်အောင်တို့နှင့် ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

           ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ လှိုင်ရတနာဈေးတွင်ရောင်းချနေသော  အသင့်သောက်အချိုရည်များဖြစ်သော Sunkit၊ Pocari Sweat၊ Kick၊ KATO၊ Ve Ve၊ Genbo၊ Speed အစရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိခဲ့ရပါသည်။ ဈေးများတွင်ရောင်းချနေသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အ သားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာပါရှိသော စားသောက်ကုန်များကိုသာ ရောင်းချစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးခြင်း

          (၁၀.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် Yoma Nominee Co.,Ltd ရုံးခန်းတွင် စီးပွားရေးလုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၄) ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်စနစ်ဖြင့် ထိန်းကျောင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ယခင်စီးပွားရေး လုပ်ငန်းရှင်များအား မြေပြင်စစ်ဆေးခြင်းမပြုဘဲ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားခဲ့ရာ ယခုအခါတွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို လုပ်ငန်းရှင် (၂)ဦးတက်ရောက်ပြီး ဆွေးနွေးပွဲကို (၁၃:၂၀) နာရီမီးနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် မြို့နယ်ခွဲရုံးခန်းမတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးက စားသုံးသူ၏ အဓိပ္ပါယ်၊ အွန်လိုင်းစနစ် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အခွင့်အရေး (၈) ချက်၊ တာဝန်(၄)ချက် အွန်လိုင်းမှ ဈေးဝယ်ယူ ခြင်းအတွက် အားသာချက်၊ အားနည်းချက်များအား ပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင်လည်း တိုင်ကြားနိုင်သည့်နေရာများနှင့် ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်း(၂)မျိုးအား ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံးသူ(၇)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲသို့ (၁၁:၀၀) နာရီအချိန် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Online Sale လျှောက်ထားမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ဗွက်ကြီးကျေးရွာ မှော်ဘီမြို့နယ်ရှိ “စိမ်းလန်း”အိမ်ခြံမြေရောင်းချသည့်လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင်  Page Logo၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၎င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့်အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် မှော်ဘီမြို့မဈေးအတွင်းရှိ အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားများ မပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှည်းကူးမြို့နယ်၌ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှည်းကူးမြို့မဈေးတာဝန်ခံနှင့် အတူ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းမှာ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Ocean Super Center တွင် ရောင်းချနေသော အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမေထွား(အဆင့်မြင့်မြေပဲဆီ)၊ ဧရာဝတီ(မြေပဲဆီစစ်စစ် ပဲဆီသန့်)၊ အမေထွား(နှမ်းဆီ)၊ သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)၊ ငွေသဇင်မင်း(ရာနှုန်းပြည့် မြေပဲဆီ)၊ ဇမ္ဗူအေး(ရာနှုန်းပြည့်မြေပဲဆီ)စသော တံဆိပ်အမျိုးမျိုးဖြင့် (၅၀)ကျပ်သား၊ (၁)ပိဿာ၊ (၂) ပိဿာဘူးများဖြင့် ရောင်းချပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှည်းကူးမြို့နယ်၊ မြို့မဈေးသို့ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

          (၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ဈေးစည်ပင်မှ တာဝန်ရှိသူက ပူးပေါင်းပါဝင်လျက် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည်ဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည်ကြောင်းဖော်ပြချက်များနှင့် ပါဝင်မှုအလေးချိန်ကိုလည်း မြန်မာလိုရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် အချက်(၁၁) ချက်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၅၀) နာရီမီးနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)ရှိ Ocean Super Center မှ တာဝန်ရှိသူမှ မိမိတို့ Ocean တွင်ရှိသော အချိုရည်များမှာ 7 Go၊ Co Co၊ Vita၊ Zeno၊ Speed၊ M150 နှင့် Cara bao တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ရှိသူအား ကုန်အညွှန်းအမှတ်အသားမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်း

             ၈.၁၁.၂၀၂၅ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ် KKK သုံးလုံးဆေးဆိုင်အား ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့်ဝန်ထမ်း(၂) ဦးတို့သည် ပန်းဘဲတန်းမြို့နယ်စည်ပင်မှ ရပ်ကွက်အပိုင်မှူး ဒေါ်သန္တာခိုင် (ဌာနခွဲစာရေး) တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ပန်းဘဲတန်းမြို့နယ် KKK သုံးလုံးဆေးဆိုင်တွင် ရောင်းချနေသော ဆရာဝန်ထောက်ခံချက်မရှိဘဲ သောက်သုံးနိုင်သော ဆေးဝါးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် ၎င်းဆေးဆိုင်တွင်ရောင်းချနေသော Royal D (ဓါတ်ဆား)၊ Kremils(အစာအိမ်ဆေး)၊ Len San၊ Decolgen၊ Fluza၊ Enervon C အစရှိသော ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News