Main menu

HighLight News

Powered by Drupal

Online Sale နှင့်စပ်လျဉ်း၍ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

         (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “Y Sister”မှ အဝတ်အထည်၊ အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများအား ဗိုလ်ရာဇာလမ်းမ၊(၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိ၊မြေပြင်စစ်ဆေးရမည့်အချက် (၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိတို့ကို  မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“အီလက်ထရောနစ်ပစ္စည်းများ” အရောင်းဆိုင်သို့ Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အုတ်လှငယ်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် သို့သွားရောက်၍ “gadgets4U” Online shop  မှ “အီလက်ထရောနစ်ပစ္စည်းများ”Online Sale အားမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၁၂.၁၁.၂၀၂၅)ရက်နေ့ ၊နံနက်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ အမှတ်(၆၂)၊ ယုဇနလမ်း၊ နွယ်အေးရပ်ကွက်ရှိ “ရွှေညီကို” ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး) က  ဈေးကွက်အတွင်းဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန်၊ ဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း

      (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ သာကေတမြို့နယ်၊ ရူခင်းသာလမ်း၊ (၇) အရှေ့ရပ်ကွက်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မိမိရရှိသောခွဲတမ်း များကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးခြင်းရှိ/ မရှိ  သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှုရှိ/ မရှိ၊ အရေအတွက်/ အလေးချိန်မှန်ကန်မှုရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (၁၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် အမှတ်(၃)ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ သွားရောက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ် များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီနှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ မိမိတို့ရရှိသော ခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာချိန်တွယ်ပေးပါကြောင်း သိရှိရပါသည်။ မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)ခုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Aung Zabu Mahar Co.,Ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအတွင်း စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စားအုန်းဆီဝယ်ယူ ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စား လှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ (၁၁.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ စားအုန်းဆီ ဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် GD Good Co.,Ltd မှ ဖြန့်ဖြူးပေးသော စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူး ဦးလှစိုးက ဖြန့်ဖြူးသည့်ကုမ္ပဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များမှ တစ်ဆင့်စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် တစ်လလျှင် (၁)အိမ်ထောင်စုစားအုန်းဆီရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု(၃)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

         (၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်ဆန်းရပ်ကွက်ရှိ GD Good Golden Co.,Ltd မှ ဖြန့်ဖြူး သော  စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များအနေ ဖြင့်ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီ လက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင် ရောင်းချနေမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  လသာမြို့နယ်အတွင်းရှိ ဦးမြင့်အောင် (ကုန်စုံဆိုင်) နှင့် ဒေါ်ြမသန်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၁၁.၁၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တွံတေးမြို့နယ် ဈေးကွက်အတွင်း စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးဆီအမျိုးမျိုးတို့အား စစ်ဆေးရန် နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦိးစိုးဝင်းဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်မျိုးစုံဆိုင်တို့တွင် ရောင်းချသော Duck (ဟင်းသီးဟင်းရွက်ဆီအဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီ)၊ LOTUS (ကြာပန်းဆံဆိပ်ဟင်းသီးဟင်းရွက်ဆီစားအုန်းဆီ)၊ Meizan ရာနှုန်းပြည့် သဘာဝမြေပဲဆီစစ်စစ်၊ သူဌေးမင်း စားအုန်းဆီမြေပဲရောနှောဆီတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က လူတိုင်းနေ့စဉ် မရှိမဖြစ်သုံးစွဲရသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသော စားသုံးဆီများကိုသာ ဝယ်ယူတင်သွင်းရောင်းချကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက် ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ  နိုဝင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အထက(ခွဲ)မန်းကထိပ်ကျေးရွာကျောင်းသို့  ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေများအကြောင်းအရာ၊ မြို့နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးပေါ်ပေါက်လာပုံနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ လုပ်ငန်းရှင်များမှ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများဖြစ်လျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား အသီးသီးဟောပြောပွဲဆွေးနွေးခဲ့ကြသည်။

          အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၁၅)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းမှ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခြင်းအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား အပြီးတွင်Consumer Call Center 1535 လိုင်းခွဲ(၁)သို့ နစ်နာဆုံးရှုံးမှုများဖြစ်ပါက တိုင်ကြား၍ ရ/မရ လက်တွေ့စမ်းသပ်ခေါ်ဆိုခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News