Main menu

HighLight News

Powered by Drupal

ရေနံချောင်းမြို့နယ်ရှိ ဆန်ဆိုင်များနှင့် ဆန်စက်များ MyRo တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး အသိပညာပေး

           စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online- MyRo) တွင် ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း (၂၅၀၀)နှင့် အထက် သိုလှောင်ရုံများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတွင် ခရိုင်၊ မြို့နယ်များမှ မှတ်ပုံတင်ထားရှိသည့် အလုံးရေ(၃၉၁)လုံးရှိပြီး ရေနံချောင်းမြို့နယ်အနေဖြင့် မှတ်ပုံတင်ထားရှိသည့် အလုံးရေ (၁၁)လုံး မှတ်ပုံတင်ထားရှိကြောင်း သိရသည်။

          မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရုံးမှ ဝန်ထမ်းများသည် (၂၄.၇.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်ဖြည့်သွင်းရန် ကျန်ရှိသည့် လုပ်ငန်းရှင်များ၊ တစ်နှစ်ပြည့်မြောက်ပြီး သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com. mm တွင် လစဉ်လဆန်း(၁)ရက်မှ (၁၀)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်အခြေအနေများကို မှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးတို့အား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့၊ ကုန်းဇောင်းကျေးရွာရှိ ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တာန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်သည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၄..၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ကုန်းဇောင်းကျေးရွာရှိ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူ (၁၀၀)ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေအခန်း() ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း() ပုဒ်မ(၂၀)ပါ စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက် အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center (1535)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ AI နည်းပညာနှင့် စိန်ခေါ်မှုများအကြောင်း၊ Onlineမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များကို လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အကြောင်းများနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်နှင့် ဝန်ထမ်းသည် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်အတူပူးပေါင်း၍ (၁၃..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ရှိ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆရာ၊ ဆရာမ ()ဦး၊ ကျောင်းသား/ကျောင်းသူ (၃၀)ဦး၊ စုစုပေါင်းဦးရေ(၃၅)အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

          အဆိုပါဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား Call Center (1535)သို့ ဖုန်းခေါ်ဆို၍ သိလိုသည်များမေးမြန်းနိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပြည်စိုး (ဆန်/ဆီ) ရောင်းဝယ်ရေးအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၆.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပြည်စိုး (ဆန်/ဆီ)ရောင်း ဝယ်ရေးအရောင်းဆိုင်၌ ရောင်းချလျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/ မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး မင်းဘူးမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း မင်းဘူးခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဝန်ထမ်းများသည်ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားကဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

        မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် PreMarket ဆောင်ရွက်နိုင်မှုအကြိမ်ရေ ()ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ မင်းဘူးမြို့နယ်တွင် PreMarket ()ကြိမ်၊ ဈေးကွက်စောင့်ကြည့် ()ကြိမ်၊ အထူး ဈေးကွက်စောင့်ကြည့်()ကြိမ်  စုစုပေါင်း()ကြိမ်၊ ပွင့်ဖြူမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်()ကြိမ်၊ စလင်းမြို့နယ်တွင် PreMarket ()ကြိမ်၊ ဈေးကွက်စောင့်ကြည့်()ကြိမ် စုစုပေါင်း ()ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

လုပ်ငန်းရှင်များသိရှိလိုက်နာစေရေး စားသုံးသူကာကွယ်ရေးဥပဒေအား စဉ်ဆက်မပြတ် ဆွေးနွေးပေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့သည် (၂၀.၇.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဒေသတွင်း ထုတ်လုပ်လျက်ရှိသောရှမ်းရိုးမခါဂျာမုန့်၊ပုံ့ပုံ့ငါးမုန့်ကြော်နှင့်ခိုင်ခိုင်မော်ကိတ်မုန့်လုပ်ငန်း ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

         စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဆွေးနွေးရာတွင် လုပ်ငန်းရှင်အနေဖြင့် သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုစေလိုကြောင်း၊ ခွင့်မပြုဆိုးဆေးများနှင့် တာရှည်ခံဆေးများကို သတိပြုရှောင်ကြဉ်စေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ (၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်()ချက်ကို အသေးစိတ်ရှင်းလင်းခြင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့) ရောင်းချခြင်းမပြုရန်၊ ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ()နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများမှ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်စေရန် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေး၌ မုန့်ဟင်းခါးခြောက်ထုပ်များ ဈေးငြိမ်ပြီး ရောင်းအားကောင်းလျက်ရှိ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးတွင် အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် နေ့စဉ်မုန့်ဟင်းခါးခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ မုန့်ဟင်းခါးခြောက်ကို  ကုန်ကြမ်းအဖြစ် ဆန်မှထုတ်လုပ်၍ မုံရွာမြို့ မုန့်ဖတ်/ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ထုတ်လုပ်ပြီး ပခုက္ကူဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ဈေးနှုန်းသင့်တင့်ပြီး အသင့်စားသုံးရန်လွယ်ကူသောကြောင့်  ရောင်းအားကောင်းလျက်ရှိကြောင်း၊ မြန်မာ့ရိုးရာ အစားအစာအဖြစ်၊ မုန့်ဟင်းခါးသုပ်၊ မုန့်ဟင်းခါး အရည်ပျော်ပြုလုပ်၍ ရှေးယခင် နှစ်များစွာကတည်းက စားသုံးလာကြောင်း သိရှိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် မုန့်ဟင်းခါးခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ “ရွှေပုဇွန်“ တံဆိပ် မုန့်ဟင်းခါးခြောက်ထုပ် (၂၅)ကျပ်သား တစ်ထုပ်လျှင် ကျပ်(၁၆၀၀)၊ (၅၀)ထုပ်ပါ တစ်ပါကင်လျှင် ကျပ်(၇၅၀၀၀)၊  စက်ကျအကျိုး တစ် ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန့်တီခြောက်ထုပ် အကျိုးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ “ဒုံးပျံ” တံဆိပ် မုန့်ဟင်းခါးခြောက်ထုပ် (၅၀)ကျပ်သားတစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ (၂၀)ထုပ်ပါ တစ်ပါကင်လျှင် ကျပ်(၄၉၀၀၀)၊  မုန့်တီရှမ်း‌အကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးဖြင့် ရောင်းအားသွက် လျက်ရှိကြောင်း၊ ရောင်းအားအကောင်းဆုံးမှာမုန့်ဟင်းခါးခြောက်ထုပ် စက်ကျအကျိုးဖြစ်ပြီး တစ်နေ့လျှင် ပိဿာချိန်(၉၀-၁၀၀)ခန့်ရောင်းရကြောင်း၊ ဝါတွင်းကာလရာသီချိန်ဖြစ်၍ ရောင်းအားကောင်းလာကြောင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာများနှင့် နယ်ဘက်ဒေသ မြိုင်၊ ရေစကြို၊ ယောနယ်များမှ လည်းကုန်ကားမှ တဆင့်မှာယူပြီး ဝယ်ယူလျက်ရှိကြောင်း၊ တစ်ပတ်အတွင်း‌ မုန့်ဟင်းခါးခြောက် ထုပ်ပိဿာ (၅၅၀-၆၀၀)ခန့် ရောင်းချရကြောင်းကုန်ခြောက်ဆိုင် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့၊ ယာကြီးပြင်ရပ်ကွက်ရှိ “သျှင်းသန့်” ကြက်သွန်ပေါင်းကြော် လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ အားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရေနံချောင်းမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၁၇.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေနံချောင်းမြို့၊ ယာကြီးပြင်ရပ်ကွက်ရှိ “သျှင်းသန့်” ကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် “သျှင်းသန့်” ကြက်သွန်ပေါင်းကြော်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်း အရာများ၊ အသင့်စားမုန့် အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို့သိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၊ ရေတွင်းကျေးရွာအနီးရှိ အမှတ်(၃၅) အကြီးစားစက်ရုံဖြစ်သော “Yaung Ni Oo Electric Co.,Ltd”  စက်ရုံအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည်(၁၇.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ချောက်မြို့နယ်၊ ရေတွင်းကျေးရွာအနီးရှိ အမှတ်(၃၅) အကြီးစားစက်ရုံဖြစ်သော “Yaung Ni Oo Electric Co.,Ltd” (စက်ရုံပိုင်ရှင် ဦးရန်လင်းအောင်)သို့သွားရောက်၍ သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်များနှင့်အညီ စက်မှုကုန်ကြမ်း သွင်းကုန်လိုင်စင်လျှောက်ထားသည့် စက်ရုံများမြေပြင်တွင် အမှန်တကယ်လည်ပတ် လုပ်ကိုင်နေခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် စက်မှုကုန်ကြမ်းသွင်းကုန်လိုင်စင်လျှောက်ထားရာ၌ သွင်းကုန်ပစ္စည်းများကို တစ်ဆင့်ပြန်လည်ရောင်းချရန်မဟုတ်ဘဲ မိမိကိုယ်ပိုင်စက်ရုံများတွင် အမှန်တကယ်အသုံးပြုရန် ရည်ရွယ်၍ လျှောက်ထားခြင်းဖြစ်စေရေးနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါသည်။ အဆိုပါ စက်ရုံသည် လျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး မြေပြင်စစ်ဆေးချက်များအရ စက်ရုံသည် လိပ်စာပါတည်နေရာတွင် အမှန်တကယ်တည်ရှိပြီး စက်ရုံတွင်း၌ စက်ပစ္စည်းကိရိယာများ အပြည့်အစုံတပ်ဆင်ကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အမှန်တကယ် လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီဖြန့်ဖြူးရောင်းချသည့်ဆိုင်များနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဝယ်ယူခွင့်ရရှိသည့် လုပ်ငန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးမှုရှိ/ မရှိ၊ စားအုန်းဆီများအား ပြည်သူများလက်ဝယ် အရောက်အမှန်တကယ်ရောင်းချပေးခြင်း ရှိ/ မရှိ၊  စက်မှုလုပ်ငန်းများအတွက် ဝယ်ယူခွင့်ရရှိသည့် စားအုန်းဆီများအား လုပ်ငန်းများတွင် အမှန်တကယ်သုံးစွဲမှုရှိ/ မရှိအား (၁၆.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့ဦးဆောင်၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် ဆီဆိုင်များအား ကွင်းဆင်းကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News