Main menu

HighLight News

Powered by Drupal

အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

        ၈.၁၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် လှိုင်မြို့နယ် ရတနာမွန်ဈေးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းဈေးတို့တွင် ရောင်းချလျက်ရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို  ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်း(၂) ဦးနှင့် ဈေးမှတာဝန်ရှိသူတို့မှ ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးများတွင်ရောင်းချနေသော  အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိရပါသည်။ ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးမှ ၎င်းတို့ဈေးတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များတွင် စားသုံးသူများဘေးအန္တရာယ်မရှိစေရန်အတွက် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ အလေးချိန်အရွယ်အစားစသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းထားသည့် အသင့်သောက်အချိုရည်များကိုသာ ရောင်းချစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်

       ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍စားသုံးသူကာကွယ်ရေး အသိပညာပေး(Talk Show) ကို၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၆ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

        ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများနှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးခန့်စည်သူက မိမိတို့ဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအဓိကထား ဈေးကွက်စောင့်ကြည့်လျှက်ရှိကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၇) ကုန်စည်(သို့)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်ပြီးပုဒ်မခွဲများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူမိဘပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာမှုများရှိလာပါက တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသော CICC စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးCenter မှ တိုင်ကြားနိုင်သလို၊ ဖုန်းဆင်းကတ်မှတဆင့်တိုင်ကြားလိုသူများ အနေဖြင့်Call Center 1535 သို့ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ရွှေမြန်မာ”ငါးရံခြောက်ဖုတ်လုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

          ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းကာ (၆.၁၁.၂၀၂၅)နေ့ (၁၁:၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ “ရွှေမြန်မာ” ငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့သွားရောက်၍ ငါးရံ့ခြောက်ဖုတ် ထုတ်လုပ်ပုံအဆင့်ဆင့်၊အလုပ်သမားများအခြေအနေ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများနှင့်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထို့နောက်ထုတ်လုပ်သော ကုန်စည်များနှင့် ပတ်သတ်၍စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရးနှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်းကုန်စည်ထုတ်ပိုးထားမှု အပေါ်တွင်ထည့်သွင်း ဖော်ပြရန်လိုကြောင်းမြို့နယ်တာဝန်ခံက ပြောကြားခဲ့ခြင်းအပေါ် သတင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီများရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ၅ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၁) ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောစားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စားအုန်းဆီခွဲတမ်းရရှိသော  လက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ စားသုံးသူများထင်ယောင်ထင်မှား မဖြစ်စေရေးအတွက် ဈေးနှုန်းဆိုင်းဘုတ်များကို သတ်မှတ်ရည်ညွှန်းဈေးအလိုက်  မြင်သာထင်သာရှိသော နေရာများတွင် ချိတ်ဆွဲရောင်းချမှုရှိ/ မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၈)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့ အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

           စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ကုန်စုံဆိုင်များမှ ရောင်းချနေသော  ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များရောင်းချမှု မရှိစေရေးနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုး ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇-၁၁-၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၆)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

         စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စုံဆိုင်များဖြစ်သော ကုန်မျိုးစုံလက်ကား အရောင်းဆိုင်ကြီးများတွင်  ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံးပြုသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြို့နယ် ဈေးကွက် အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်တွင် စားသုံးသူပြည်သူများအား ဆီရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ဆီပေပါထုတ်ယူမှု လုပ်ငန်းအခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင်/ မြို့နယ်အတွက် လုပ်ငန်းအမျိုးအစားအလိုက် ဆီပေပါခွဲတမ်းများ အောက်တိုဘာလ ရရှိနိုင်မှုနှင့် နိုဝင်ဘာလ လျာထားချက်များကို စိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် အောက်တိုဘာလအတွက် လုပ်ငန်းဆောင်ရွက်မှုများကို သတ်မှတ်ချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ မအူပင်အနေဖြင့် မြို့နယ်အလိုက် ဆီထုတ်ယူရမည့် အရေအတွက်ပေပါ အောက်တိုဘာလအတွက် လူဦးရေ ၁၀၁ဦးတွင် ဆီပိဿာ ၁၂၄၃၀ပိဿာ ၂၀.၂၉ တန်  ပေပါ ၁၁၃ ကို Central Myanmar International Tradingကုမ္ပဏီ ၊  Myanmar Top Notch ကုမ္ပဏီ၊  Resources Group Trading ကုမ္ပဏီတို့မှ (၂)ကြိမ် ထုတ်ယူရရျိပြီး  သတ်မှတ်ရက်အတွင်း ဆီရောက်ရှိမှုအပေါ်  ငွေပေးချေ၍ စနစ်တကျထုတ်ယူခဲ့ပြီး ဖြန့်ဖြူးခွဲဝေမှုများကို အမှန်တကယ်နေရာများသို့ ထုတ်ပေးမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး  နိုဝင်ဘာလ ခွဲတမ်းရရျိမှုအပေါ် စာရင်းများစိစစ်ပြုစု၍ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် အောက်တိုဘာလ လုပ်ငန်းသုံးဆီများ ထုတ်ယူပြီးစီးမှူနှင့် နိုဝင်ဘာလအတွက် ဆီခွဲတမ်းမတျား အမှန်တကယ်ရရှိနိုင်ရေး စီစစ်တင်ပြဆောင်ရွက်လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် အောက်တိုဘာလ လုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီရရှိမှုများကို ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး  ညောင်တုန်းမြို့နယ်အနေဖြင့်  ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး အောက်တိုဘာလ၏  ၃ကြိမ် ခွဲတမ်းရရှိပြီး လုပ်ငန်းရှင် ၁၄၅ဦးရှိပြီး ၁၇၈၂၀ ပိဿာ စုစုပေါင်း ခွဲတမ်းရစားသုံးဆီ(၁၆၂)ပေပါ တန်အားဖြင့် (၂၉.၀၉)တန် ရောက်ရှိမှုအား သတ်မှတ်ရက်အတွင်း ရောက်ရှိမှုအပေါ် စနစ်တကျထုတ်ယူပြီး ဖြန့်ဖြူးရောင်းချရန် အမှန်တကယ်နေရာများ ရောင်းရှိမှုရှိစေရေးကို  စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွက် ရရှိရန် လုပ်ငန်းသုံးဆီအမျိုးအစားအလိုက် တင်ပြဆောင်ရွက်ရမည့် စာရင်းများကို ကိုယ်စားလှယ်များ၊ လိုအပ်ချက်လုပ်ငန်းများအတွက် တင်ပြလျောက်ထားသူများရှိ/မရှိနှင့် သတ်မှတ်နေရာများ အမှန်တကယ်ရရှိနိုင်ရေး မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပြီး ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြတောင်းခံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပန်းတနော် မြို့နယ် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်(၆)ဆိုင်အား   မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်‌ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကို မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ လစဉ် စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊  အိမ်သုံးဆေးဝါများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/ မရှိ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ် ဆေးဆိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ မအူပင်မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်(၁၄)ဆိုင်အား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် သတ်မှတ်ချက်များနှင့် အညီရောင်းချခြင်းရှိ/မရှိကို (၇.၁၁.၂၀၂၀)ရက်နေ့ ‌နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများက လိုက်ပါဆောင်ရွက်ခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဆေးထုတ်လုပ်ရောင်းချမှုကို စစ်ဆေးခြင်း၊ မြို့နယ်အတွင်း ဈေးဝါးရောင်းချနေမှုနှင့် ဆေးများပြတ်လပ်မှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအ တားမြစ်ချက် ပုဒ်မ ၆၇  စီးပွားရေးလုပ်ငန်းရှင်သည် ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် (က) ပုဒ်မ (၄၁)အရ ကုန်အညွှန်း အမှတ်အသား ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချမှုမပြုရန် အသိပေးပြောကြားခဲ့ပြီး၊  အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိ သောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါးထားသိုမှုနှင့်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (GPP)နှင့်အညီ ရောင်းချစေရန် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News