Main menu

HighLight News

Powered by Drupal

လှည်းကူမြို့နယ်၊ အ.မ.က၊ ပေါက်ကုန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

        ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် (၉.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ အ.မ.က၊ ပေါက်ကုန်းကျောင်းတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူစားသုံးနိုင်ရန်အတွက်ရည်ရွယ်၍ စားသုံးသူအသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူတိုင်းရရှိရမည့် အခွင့်အရေးနှင့် စားသုံးသူများမှလိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ကိုသိရှိနိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာရှုံးဆုံးမှုများမရှိစေရန်အတွက် သတိပြုဆောင်ရွက် ရမည့်အချက်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူရန်နှင့် နစ်နာရှုံးဆုံးမှုများ ဖြစ်ပေါ်လာပါက အလွယ်တကူ တိုင်ကြားနိုင်သည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်သား၊ ကျောင်းသူ (၂၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့ရှိ မြစ်ငယ်ရပ်၊ မြစ်ငယ်အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ မြစ်ငယ်အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ရေးရာ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၅၀ ဦးခန့်တက်‌ရောက်ခဲ့ပြီး (၁၄း၁၅) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃)ရပ်မှ အစားအသောက်‌ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးခြင်း

        ၂၀၂၆  ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ မြိတ်မြို့မှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃) ရပ်မှ ဧပြီလမှ ဇူလိုင်လအတွင်း စစ်ဆေးဆောင်ရွက်ရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင် မှုနှင့်ပတ်သက်၍ မြိတ်မြို့၊ ကွက်သစ်ရပ်၊ ရွှေကျင်တိုက်လမ်း၊ Oishi Hot Pot ဆိုင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် အစားအသောက်စျေးနှုန်းများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာစွာ ဖော်ပြထားရှိမှုများ ရှိ/ မရှိ၊  အစားအသောက်ပြင်ဆင်ချက်ပြုတ်သည့်နေရာများ သန့်ရှင်းသပ်ရပ်မှုများ ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသည့်ဝန်ထမ်းများ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/ မရှိနှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျထုတ်ပိုးသိမ်းဆည်းထားရှိမှုများ ရှိ/မရှိ စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီစွာရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများ၏ ဥပဒေ၊ ညွှန်ကြားချက်များကိုလည်းလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဦးစားပေးကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှု ရှိ/ မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်မြို့၊ ကွက်သစ်ရပ်နှင့် ထားဝယ်စုရပ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဇူလိုင်လအတွင်း စစ်ဆေးဆောင်ရွက်ရမည့် ဦးစားပေးကုန်စည်များမှ အသင့်စားခေါက်ဆွဲ/ ကြာဇံခြောက်များ၊ ဟင်းချိုမှုန့်များတွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုများ ရှိ/မရှိအား ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော အသင့်စားခေါက်ဆွဲ/ ကြာဇံခြောက်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေတွက်၊ အသားတင်ပမာဏ၊ ထားသို့သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း၊ သုံးစွဲပုံနည်းလမ်းစသည့် ဖော်ပြချက်များပါရှိမှု ရှိ/ မရှိ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံး ရက်စွဲ၊ ထုတ်လုပ်/ ဖြန့်ဖြူးသည့်လိပ်စာများ ထည့်သွင်းပါရှိမှု ရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုများ ရှိ/ မရှိနှင့် တရားမဝင် တင်သွင်းရောင်းချလျက်ရှိသော ကုန်စည်များရောင်းချမှုများ မရှိစေရေး စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်စွာပါရှိသည့် တရားဝင်ကုန်စည်များကိုသာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ အထည်မျိုးစုံ‌‌ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ မြိတ်မြို့၊ လပြည့်ဝန်းအထည်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေကြောင်း သိကောင်းစရာများနှင့် အွန်းလိုင်းမှတ်ပုံတင် ခြင်းဆိုင်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တစ်ဖက်မှာလည်း မိမိသည် စားသုံးသူဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် အွန်လိုင်းမှရောင်းချပါက အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်လျှောက်ထားရယူဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းမှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ သိရှိသင့်သည့်အချက်များအား ရှင်းလင်းဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေး

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ပါရမီ (၂)ရပ်၊ ဂန္ဓာမာလမ်းရှိ Poe Nay Chi Linn အထည်အလိပ်၊ အဝတ်အထည်နှင့်စပ်ဆက်ပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းရောင်းချသည့်လုပ်ငန်း၊ စက်ဝန်းရပ်၊ ဦးမြတ်လေးလမ်းရှိ အင်ကြင်းစံ ဖိနပ်ရောင်း ဝယ်ရေးလုပ်ငန်းနှင့် မြို့သစ်(၆)ရပ်၊ ရွှေစံပါယ်(၃)လမ်းရှိ စိုးလွင် အိမ်တွင်းအလှဆင်လုပ်ငန်းများမှ အွန်လိုင်းရောင်းချခွင့်လိုင်စင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ဆိပ်ငယ်ရပ်၊ ဆိပ်ငယ်စျေးကြီး၊ မြိတ်မြို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီခွဲတမ်းရရှိမှုအခြေအနေ၊ နေ့စဥ်ရောင်းချမှုနှင့် ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/ မရှိနှင့် စည်းကမ်းဖော်ဖျက်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ခွဲတမ်းရရှိမှု၊ ရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ စာရင်းဇယားမှန်ကန်စေရေးအလေး ထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆိပ်ဖြူမြို့နယ် ၊ သံဇလုံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းနှင့် ဝန်ထမ်း()ဦးသည် (၁၄..၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ သံဇလုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ၊ (၂၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၂၇၅)ဦး စုစုပေါင်း(၂၉၉)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲတွင်  မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌါန်းထားရှိမှု အခြေအနေများ၊ ဥပဒေပြဌါန်းချက်ပါ ရည်ရွယ်ချက်များ၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်ဖော်ပြချက်များနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းအရာ များအားလည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများအကြောင်းအား လည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်တင်မာရီက ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများအား လည်းကောင်းအသေးစိတ် ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိမရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိမရှိ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကိတ်နှင့် ဆီကြော်မုန့်လုပ်ငန်းရှင်မှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာပေးပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံသည့် တံဆိပ်များကိုသာထည့်၍ ရောင်းချရန်လိုအပ်ကြောင်း ဒု-ခရိုင်ဦးစီးမှူးကဆွေးနွေးခဲ့ပြီး ဈေးကွက်မရောက်မီ ဖြန့်ဖြူးမည့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်ဖို့ ကျောင်းမုန့်ဈေးတန်းများသို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးစို့

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဦးစားပေးကုန်စည် (၁၀မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ကျန်းမာရေး နှင့်ညီညွတ်စေရန် ရည်ရွယ်၍ (၁၃..၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် ပခုက္ကူမြို့၊  အမှတ်() အခြေခံပညာအထက်တန်းကျောင်းမုန့် ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပုဒ်မ-၄၁()နှင့် ()ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည့်အချက်အလက်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာနမှအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ရောင်းချသည့်ကျောင်းမုန့်ဈေး တန်းများတွင် မုန့်ဟင်းခါးသုပ်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲ/ ကြာဇံကြော်များကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)

Pages

Subscribe to RSS - HighLight News