Main menu

HighLight News

Powered by Drupal

ကုန်မျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကြီးများအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂.၆.၂၀၂၆)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။
         ထိုသို့ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ရောင်းချသောဆိုင်ရှင်များအား ကုန်မျိုးစုံရောင်းချရာတွင် စာသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုရောင်းချရန်ကိုလည်းကောင်း၊ ရောင်းချနေသော ကုန်စည်အမျိုးမျိုးတွင်  စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်ထုတ်လုပ်သူလုပ်ငန်းရှင်များကိုလည်း ဦးစီးဌာနအနေဖြင့် ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းများ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ဈေးကွက်‌ရောက်ကုန်စည်များနှင့် စပ်လျဉ်း၍ ရောင်းချသူလုပ်ငန်းရှင်များ သိရှိလိုက်နာရန် ကွင်းဆင်းဆောင်ရွက်ပြီး အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်၊ ထုတ်လုပ်မှုအမှတ်စဉ်များပါရှိသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူများအား စိတ်ကျေနပ်မှုရှိစေရန်စသည်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များကို လုပ်ငန်းရှင်တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်းဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)

လောကနတ် ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်ဇော်ဦးသည် ၃.၆.၂၀၂၆ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့၊ မြို့ရှောင်လမ်းရှိ လောကနတ်(ရေသန့်စက်ရုံ) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာန (DOCA) နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လောကနတ်ရေသန့်စက်ရုံမှ ထုတ်လုပ်သောလုပ်ငန်းခွင်ကို ကြယ်ရှုလေ့လာကြပြီး  ရေသန့်စက်ရုံတွင်းနှင့် အပြင်ဘက်တွင် ညစ်ညမ်းမှု၊ ဖုန်မှုန့်နှင့် အနံ့ဆိုးများကင်းစင်ရေး၊ ရေထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ပါဝင်သော ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးအခြေအနေတို့ကို စစ်ဆေးခြင်း၊ မြန်မာနိုင်ငံ FDA ၏ ထုတ်ပြန်ချက်အရ ရေသန့်လုပ်ငန်းများအတွက် သတ်မှတ်ထားသော အခြေခံစစ်ဆေးရမည့်အချက် ၆၆ ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ဖြန့်ချိမည့် ရေသန့်ဗူးများပေါ်တွင် ထုတ်လုပ်ခွင့်လိုင်စင်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲနှင့် ထားသိုပုံအညွှန်းများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည် ဖြစ်ကြောင်း စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၏ လုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)

အာဟာရဖြည့်စွက်စာ အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့သည် (၉.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်()ရပ်ကွက်ရှိ (မေခ)ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ  အာဟာရဖြည့်စွက်စာအမှတ်တံဆိပ် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကို လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ကလေးအာဟာရဖြည့်စွက်စာနှင့် အားဟာရဖြည့်စွက် စာအမှတ်တံဆိပ်အမျိုးမျိုးတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၉.၆.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝင်းအမှတ်တံဆိပ် ကိတ်မုန့်လုပ်ငန်းအား  ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဝင်းအမှတ်တံဆိပ် ကိတ်မုန့်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ထောပတ်ကိတ်၊ ဌက်ပျောကိတ်၊ ရိုးရိုးကိတ်နှင့်  သုံးထပ်ကိတ်များတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ (၁၀.၆.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင် ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၂)တို့သည် ဆရာ/ဆရာမ(၁၂)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၄၅၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ဉီးစီးမှူးဒေါ်ထွေးထွေးအေးက စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အ ညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း၊ ဌာနနှင့် သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက် သရက်ခြံ မူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံ မူလတန်း(လွန်)ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ (၁၀.၆.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးမှ ဆရာ/ဆရာမ(၁၀)ဉီးနှင့် ကျောင်းသား/ကျောင်းသူ(၁၄၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်က စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့်အကြောင်းများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်စက်၊ ဆန်ဆိုင်နှင့် ဆန်ကုန်သည်များအား မြန်မာဆန်စပါးအွန်လိုင်း ( My RO) စနစ်အတွင်းသို့ ကုန်ရ၊ ကုန်ထုတ်နှင့် ကုန်လက်ကျန်စာရင်းများ စနစ်တကျ ဖြည့်သွင်းတတ်စေရန် အသိပညာပေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဝန်ကြီးဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်များကို လိုက်ပါအကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်( MRF)တို့ ပူးပေါင်း၍ မြန်မာဆန်စပါးအွန်လိုင်း( My RO)ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်အကောင်အထည်ဖော် လျက်ရှိပြီး ဒီဂျစ်တယ်စနစ်ဖြင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် ဆန်စပါးသိုလှောင်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် စနစ်အတွင်းသို့ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်း ဖြည့်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

         စစ်ကိုင်းတိုင်း‌ဒေသကြီးအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့အထိ သိုလှောင်ရုံ စုစုပေါင်း (၁၈၈)လုံးအား မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းရှင်များအား နည်းပညာရပ်ဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါသိုလှောင်ရုံများနှင့် ပတ်သက်၍ ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဆန်စက်၊ ဆန်ဆိုင်နှင့် ဆန်ကုန်သည်များအား မြန်မာဆန်စပါးအွန်လိုင်း ( My RO) စနစ်အတွင်းသို့ ကုန်ရ၊ ကုန်ထုတ်နှင့် ကုန်လက်ကျန်စာရင်းများ စနစ်တကျ ဖြည့်သွင်းတတ်စေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည့် အချက်များအပေါ် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံအရာရှိမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ပေါ်ရှိ ကျောင်းများရှိ မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့နှင့် ဒု-ခရိုင်ဦးစီးမှူးဦးဆောင်သော အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရွှေဘိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး (၁၀.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ရှိ အမှတ်(၁)၊ (၂)၊ (၃)အခြေခံပညာအထက်တန်းကျောင်း၊ သရက်ခြံ မူလတန်းလွန်ကျောင်း၊ ဦးတင်ဝင်းကိုယ်ပိုင်အထက်တန်းကျောင်း၊ D ပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ရှိ မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။  

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများ၌ အသင့်စားမုန့်များ၊ မြန်မာ့ရိုးရာအစားအစာများရောင်းချကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာ့ရိုးရာအစားအစာများများကို သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊အသင့်မုန့်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သောက်ရေသန့်စက်ရုံများအား ဈေးကွက်မရောက်မီ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည့် ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေသည်လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများကလည်း မိမိဌာန၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင့်၊ တာဝန်ခံဦးမျိုးဝင်းသန်းက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (/၂၀၁၉)နှင့် အညီ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

        (၉.၆.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးရှင်းခန့်ကိုကို ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးရပ်ကွက်၊ တောင်မြို့ပါတ်လမ်းရှိ အောင်ဝမ်းဝမ်း ဆန်ဆိုင်၊ တိုက်ကြီးမြို့မဈေးအတွင်းရှိ စိန်ရတနာဆန်ဆိုင်တို့အား ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်သိမ်းဆည်းထားခြင်း၊ ဆန်များရောနှောရောင်းချခြင်းများ မပြုလုပ်စေရန်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းမှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းသာ ရောင်းချစေရန် ကွင်းဆင်းစစ်ဆေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News