Main menu

HighLight News

Powered by Drupal

ကျောင်းမုန့်ဈေးဆိုင်များ ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိမရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိမရှိ ရှောင်တခင်ဝင်ရာက် စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  ကျောင်းမုန့်ဈေးဆိုင်များမှ ဝယ်ယူစားသောက်နေသော ကျောင်းသား/ကျောင်းသူများအား အစားအသောက်များမှတဆင့် ဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရက်လွန်မုန့်များ ရောင်းချမှုရှိ/မရှိ၊ မုန့်ထုတ်များတွင် ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့် ဖော်ပြထားခြင်းရှိမရှိ၊ အခြားအစားအသောက်များကို ယင်နားစာများမဖြစ်အောင် လုံခြုံစွာဖုန်းအုပ်ထားရန်နှင့် ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်းရှိ မရှိတို့ကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ စီမံခန့်ခွဲရေး နည်းလမ်းများအရ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မုန့်ဈေးတန်းဆိုင်ရှင်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီကိုယ်စားလှယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မအူပင်ခရိုင် ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများ၊ ခရိုင်အတွင်းရှိ လက်ကား စားအုန်းဆီကိုယ်စားလှယ်များနှင့် အတူ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အားသတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ အပြည့်အဝရောင်းချနိုင်ရေးကို ၂၀၂၆ခုနှစ် ဇူလိုင်လ (၉)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တွေ့ဆုံဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။

       တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်လွင်မှ မြို့နယ်ဆီကိုယ်စားလှယ်များကို စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီဝယ်ယူ စားသုံးသည့်ပြည်သူများအား သတ်မှတ်စျေးနှုန်း၊ အလေးချိန်များ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် တချို့သော ကိုယ်စားလှယ်များသည် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာမှုပျက်ကွက်ခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း ပြောကြားသည်။ ယင်းနောက် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးပေးနေမှုများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး စားအုန်းဆီတင် သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများမှ စားအုန်းဆီတင်သွင်း ဖြန့်ဖြူးပေးနေမှုများကို ဆွေးနွေးခဲ့ပြီး စားအုန်းဆီများကို ပြည်သူ့လက်ဝယ်အရောက် မှန်ကန်စွာဖြန့်ဖြူးရောင်းချသွားရန် မရိုးဖြောင့်သောသဘောဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆန်စက်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် gasifier ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းအသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များ၊ ၁၅တန်နှင့် အထက် ဆန်စက်များအား ၆-၇-၂၀၂၆ ရက်နေ့ နေ့လယ် (၁၁း၀၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊  စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးခိုင်လွမ်းမိုးနှင့် အဖွဲ့တိုမှ မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး ရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေးခြင်း ဆန်စက်များမှ စပါးဝယ်ယူရရှိမှု စပါးဟောင်း/ စပါးသစ် သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ ဆန်စက်မှ ဆန်အိတ်များ ကြိတ်ခွဲထုတ်လုပ် တင်ပို့မှုများကို စစ်ဆေးဆောင်ရွက်ခြင်းများကိုလေ့လာပြီး စက်တာဝန်ခံအား  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ စက်ရုံများအား ကွင်းဆင်းလေ့လာခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန်ကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရး၊ နိုင်ငံတကာစျေးကွက်သို့ အရည်အသွေးမီထုတ်ကုန်များ ပိုမိုတင်တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်ပပို့ကုန် ကဏ္ဍတွင်ကြုံတွေ့နေရသော အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်အတွက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            သို့ဖြစ်ပါ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၈ ရက်နေ့တွင် မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုန်ရှိ ထူးထူးတိုးကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်လုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ အအေးခန်းလုပ်ငန်းများ နှင့် ခိုင်ဇင်ယော် ကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်လုပ်ငန်း၊ ရေခဲစက်လုပ်ငန်းများ၊ အအေးခန်းဖြင့် ဂဏန်းပျော့ထုတ်လုပ်မှုလုပ်ငန်းများသို့ ကွင်းဆင်းပြီး လုပ်ငန်းများ၏ တစ်ရက်ကုန်ကြမ်းသုံးစွဲမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသော အခက်အခဲများအား စုံစမ်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၆.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စားမုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၅)ရပ်ကွက်ရှိ မုန့်မျိူးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်မျိုးစုံထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး၊ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ  ချယ်ရီမုန့်လုပ်ငန်းသို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်    (၆.၇.၂၀၂၆)ရက်နေ့    နံနက် (၁၀း၀၀)နာရီအချိန်တွင်    အိမ်မဲမြို့နယ်၊    အထက်ပိုင်းရပ်ကွက်ရှိ    ချယ်ရီမုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် မိသားစု    မုန့်လုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းစုံစမ်းပြီးမိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့်ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအားလိုက်နာ ဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (..၂၀၂ရက်နေ့  နံနက်(:)နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များတွင်  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆိုင်များအား စက်သုံးဆီများကို လက်လီလက္ကားရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အား စက်သုံးဆီရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များ အနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာရှိ  တော်ဝင်ဆန်စက်သို့ ဆန်စပါးလက်ကျန်စာရင်းနှင့် My Ro တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍   ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာရှိ တော်ဝင်ဆန်စက်သို့ (..၂၀၂)ရက်နေ့၊ နေ့လယ် (:၃၀)  နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

                ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ  တော်ဝင်ဆန်စက်ပိုင်ရှင်အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်ပိုးသတ်ဆေး၊ ဓါတ်ကြွင်းဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန် နှင့်MyRoတွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ် ကုန်လက်ကျန်စာရင်းများအား အချိန်မီUpdate ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါး လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၆.၇.၂၀၂၆) ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ အမှတ်(၇)ရပ်ကွက်ရှိ မုန့်မျိူးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်မျိုးစုံထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကု န်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအားလိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်    မိတ်ဖက်ဌာနများနှင့်  ပူးပေါင်း၍    (. .၂၀၂)ရက်နေ့   နေ့လယ်(၁၄း၀၀)နာရီအချိန်တွင်  ဝါးခယ်မမြို့နယ်  အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော အာမို၊ ကောမတ်တံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိမရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေ ရန်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး  ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန်  ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News