
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မအူပင်ခရိုင် ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများ၊ ခရိုင်အတွင်းရှိ လက်ကား စားအုန်းဆီကိုယ်စားလှယ်များနှင့် အတူ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အားသတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ အပြည့်အဝရောင်းချနိုင်ရေးကို ၂၀၂၆ခုနှစ် ဇူလိုင်လ (၉)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တွေ့ဆုံဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်လွင်မှ မြို့နယ်ဆီကိုယ်စားလှယ်များကို စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီဝယ်ယူ စားသုံးသည့်ပြည်သူများအား သတ်မှတ်စျေးနှုန်း၊ အလေးချိန်များ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် တချို့သော ကိုယ်စားလှယ်များသည် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာမှုပျက်ကွက်ခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း ပြောကြားသည်။ ယင်းနောက် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးပေးနေမှုများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး စားအုန်းဆီတင် သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများမှ စားအုန်းဆီတင်သွင်း ဖြန့်ဖြူးပေးနေမှုများကို ဆွေးနွေးခဲ့ပြီး စားအုန်းဆီများကို ပြည်သူ့လက်ဝယ်အရောက် မှန်ကန်စွာဖြန့်ဖြူးရောင်းချသွားရန် မရိုးဖြောင့်သောသဘောဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
