Main menu

HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဦးပိတ္တိူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၆.၇.၂၀၂၆)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ဦးပိတ္တိုကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအားဦးစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးဆီလက်လီ/လက်ကားဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့် ပူးပေါင်း၍ (၆.၇.၂၀၂၆) ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးဆီလက်လီ/ လက်ကားဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကား ရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/ မရှိ၊ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူး ရောင်းချကြရန်ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကားရောင်းချမှု  အခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကိုမိမိတို့ဆိုင်များ အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းများ ဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ် အ.လ.က-၄ ကျောင်းမုန့်ဈေးတွင် ‌ရောင်းချသောမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး ကို ၃.၇.၂၀၂၆ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

             ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ အ.ထ.က.၄ ‌ကျောင်းမုန့်ဈေး ၈ ဆိုင်မှ  ရောင်းချနေသောမုန့်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိက စစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိကို စစ်ဆေးခြင်း၊ FDA မှ ရောင်းချနေသော မုန့်များတွင် ခွင့်မပြုဆိုးဆေးပါဝင်မှု ရှိမရှိကိုစစ်ဆေးခြင်း၊ ကျန်းမာ‌ရေးဦးစီးဌာနက သက်တမ်းလွန်မုန့်များနှင့် ရောင်းချနေသောဆိုင်ရှင်များ ကျန်းမာရေးနှင့် အညီ နေထိုင်ရောင်းချရန်တို့ကို စစ်ဆေးအသိပညာပေးခဲ့ပြီး၊ စားသုံးရန်မသင့်သောမုန့်များကို မရောင်းချစေရန် ကျောင်းကျန်းမာရေးကော်မတီမုန့်ဈေးတန်း တာဝန်ရှိသူများကို စောင့်ကြည့်စစ်ဆေးရန်ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေသန့်စက်ရုံ ကွင်းဆင်းစစ်ဆေးခြင်း

         သောက်ရေသန့်စက်ရုံများ စစ်ဆေးခြင်းသည် စားသုံးသူများ၏ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းဖြစ်၍ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် မိတ်ဖက်ဌာနများနှင့်အတူ ၃-၇-၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်မြို့ ရေဝတီသောက်ရေသန့်စက်ရုံမှ  ဈေးကွက်မရောက်မှီရေသန့်ထုတ်လုပ်မှုနှင့် ဈေးကွက်ဖြန့်ချီမည့် ရေသန့်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင် FDA ၊ အဖွဲ့ပါဝင်သော စစ်ဆေးရေးတာဝန်ဝန်ရှိသူများသည် ရေဝတီသောက်ရေသန့် စက်ရုံဝန်းကျင်နှင့် ထုတ်လုပ်မှုအခန်းများ ပိုးမွှားကင်းစင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ Reverse Osmosis (RO)UV (ခရမ်းလွန်ရောင်ခြည်) နှင့် Ozone စနစ်များ စနစ်တကျအလုပ်လုပ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ထုတ်လုပ်မှုအပိုင်းတွင် ပါဝင်သူများ၏ ကျန်းမာရေးစစ်ဆေးချက်နှင့် ဝတ်ဆင်ပုံစံစစ်ဆေးခြင်း၊ ဘူးခွံနှင့် ဘူးကြီးများကို စနစ်တကျဆေးကြောစပရိုစစ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ FDA ထောက်ခံချက် ဖြစ်သော တရားဝင်ထောက်ခံချက်ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်အမှတ် တံဆိပ် ဖော်ပြချက် နှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်စည်အမျိုးအစား၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်နှင့် လိပ်စာပါရှိမှုစစ်ဆေးခြင်း၊ ဈေးကွက်မှ နမူနာကောက်ယူ၍ ရေတွင်ပါဝင်သော ဓာတုဓာတ်များနှင့် ဗက်တီးရီးယား ပိုးမွှားပါဝင်မှုကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များ လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လူထုစကားဝိုင်းကျင်းပ

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်၊ ကညင်ချောင်း၊ ဓမ္မဗိမ္မာန်ကျောင်းတိုက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လူထုစကားဝိုင်းကျင်းပခဲ့ပါသည်။ ထိုစကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စလှယ် ဦးကိုကိုဇင်က လွှတ်တော်နှင့်ပက်သက်သည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းဧရာထိုက်မှ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှလည်း မိမိဌာနလုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်မင်းလတ်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရက်(၁၀၀) စီမံချက်အတွင်း စားအုန်းဆီလက်လီဆိုင်များ ဖောင်းပွမှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သက်ဆိုင်ရာဌာနများသို့ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အိမ်သုံးဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများအား ပူးပေါင်းအဖွဲဖြင့် ကွင်းဆင်းစစ်ဆေး

       ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်  အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးရောင်းဝယ်ရေးဆိုင်များတွင် သက်ဆိုင်ရာဌာနများသို့ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အိမ်သုံးဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/ မရှိကို  (၂.၇.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော ဆေးဝါးများ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံ ယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ဝယ်ယူသုံစွဲသူများအနေဖြင့် လိုအပ်သောအိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ကုန်စည်များအား ဓါတုဆေးဝါးသုံးစွဲမှု ရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် (၂.၇.၂၀၂၆)နေ့ နံနက်(၀၇:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အစားအသောက်နှင့်​ ဆေးဝါးကွပ်ကဲ​​ရေးဦးစီးဌာနမှ ဦးဆောင်၍ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာများပူးပေါင်း၍ အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ပဲပြား၊ ပဲသွေးများတွင်ဖော်မလင်ပါဝင်မှု ရှိ/ မရှိ၊ ငရုပ်သီးမှုန့်များတွင် ဆိုးဆေးပါဝင်မှုရှိ/ မရှိနှင့် ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ရှိ/ မရှိနှင့် ကုန်အညွန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ၊ ရေသန့်စက်များ FDA ထောက်ခံချက်ရှိ/ မရှိနှင့် အဆင့်ဆင့်ထုတ်လုပ်မှုများ သန့်ရှင်းသပ်ရပ်မှု့ရှိ/ မရှိ၊ ​မြို့ပေါ်ရှိ ဆေးဆိုင်များနှင့်အလှကုန်ဆိုင်များ အားသက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ အလှကုန်များတွင် သက်ဆိုင်ရာထောက်ခံချက်နှင့် ပြည်သူများသုံးစွဲရန် သင့်/ မသင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ပဲသွေးများတွင်ဖော်မလင်ပါရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဖွဲ့ဖြင့်သိမ်းဆည်းကာ ရောင်းချသူအား ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးသည့် ဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

       (၂.၇.၂၀၂၆)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စားသုံးသူ​​ရေး ရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းသည် အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးသည့် လက်ကားကိုယ်စားလှယ်(၆)ဦးနှင့် တွေ့ဆုံ၍ စားအုန်းဆီများအား အလေးချိန် မှန်ကန်စွာထုတ်ပေးရန်၊ သတ်မှတ်ရည်ညွန်းစျေးအတိုင်း ဖြန့်ခွဲရောင်းချရန်၊ သတ်မှတ်အကြိမ်အရေအတွက်များ မှန်ကန်စွာထုတ်ပေးရန်၊ စာရင်းဇယားများသေချာပြုစုထားရှိရန်နှင့် အိမ်ထောင်စုအလိုက်ခွဲဝေမှုများအား ပြည့်မီစွာဖြန့်ဝေရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက် စားအုန်းဆီဝယ်ယူ ခွင့်စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက်ရောင်းချရန် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့်ဆောင်ရွက်စေရေး မှာကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဇွန်လအတွင်း  ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဓါတ်‌မြေဩဇာများအား အရည်အသွေးနှင့်အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် သိုလှောင်ခြင်း၊ဈေးကစားခြင်းများရှိ/ မရှိအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အလိုက် စစ်ဆေးရေးအရာရှိများသည် ဟင်္သာတခရိုင်အတွင်း(၃)မြို့နယ်နှင့် မြန်အောင်ခရိုင်အတွင်း(၃)မြို့နယ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

        ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်အလိုက်ရောင်းချလျက်ရှိသော  ဓါတ်‌မြေဩဇာ အရောင်းဆိုင်များတွင် G-46 (လုံးကြီး) တစ်အိတ်လျှင် ၁၄၅၀၀၀/- ကျပ်နှင့် 15:15:15: (ကွန်ပေါင်း) တစ်အိတ် လျှင် ၁၂၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဓါတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်များ ပြည့်ဝမှုရှိကြောင်း တွေ့ရှိရပါသည်။ သိုလှောင်ထားမှုမရှိဘဲဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကုန်မျိုးစုံဆိုင်နှင့်ဆေးဆိုင်များတွင် ကန့်သတ်ကုန်ပစ္စည်းများနှင့် Date လွန် ကုန်ပစ္စည်းများ​ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       (၂.၇.၂၀၂၆)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ အမှတ်(၁) ရပ်ကွက်ရှိ စည်ပင်သာယာစျေးနှင့် တာကြီးတန်းလမ်းရှိ ကုန်စုံဆိုင်နှင့်ဆေးဆိုင်များတွင် ပုံမှန်ရောင်းချမှုအခြေအနေများ၊ ဆေးဝါးနှင့်အခြားဆက်စပ်ပစ္စည်းများ ပုံမှန်ထက်ဝယ်ယူသုံးစွဲခြင်းများနှင့် မုန့်၊ ဆေးဝါးများ၊ ကန့်သတ်ကုန်ပစ္စည်းတို့ကိုရောင်းချခြင်းနှင့် date လွန်ကုန်ပစ္စည်းများ​ရောင်းချခြင်း ရှိ/ မရှိတို့အား စစ်ဆေးခြင်းနှင့် ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းပေးပို့တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးဆောင်၍ ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဘက်ရဲမြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊  အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဘက်ရဲမြို့နယ်စည်ပင်တာဝန်ခံနှင့် ပလကဖ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအားဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန် ရည်ရွယ်၍ ပူးပေါင်းအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ရာ မုန့်၊ ဆေးဝါးများနှင့် အခြားဆက်စပ်ပစ္စည်းများတွင် ကန့်သတ်ထုတ်ကုန်များနှင့် Date လွန် ကုန်စည်များ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News