Main menu

HighLight News

Powered by Drupal

“ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်း စစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အမှတ်(၁၄)၊ ကံကော်လမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းအား ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သိရှိစစ်ဆေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းသည့် အလှကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အတိုင်း ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပြီးမှသာ ရောင်းချခြင်းပြုလုပ်ကြရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ရောင်းချမှုအားကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပြင်ပဆိုင်များတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ကုန်လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ရောင်းချသော စည်ပင်သာယာဈေးအတွင်းရှိ ဆိုင်ခန်းများနှင့် ဈေးပြင်ပစတိုးဆိုင်တွင် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေနှင့် ယခင်ပတ်ရောင်းချဈေးနှုန်း ယခုပတ်ရောင်းချဈေးနှုန်းစာရင်းများအား ကောက်ယူစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းအများစုမှ ပစ္စည်းပြတ်လပ်မှုများရှိနေပြီး ဆိုင်များတွင် ကျန်ရှိနေသော လက်ကျန်ပစ္စည်း အနည်းငယ်ကိုသာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းများမှာ ယခင်ပတ်နှင့် ယခုပတ်ဈေးနှုန်းများ ကွာ ခြားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရပ်ကွက်အတွင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ စိတ်တိုင်းကျ အချိုရည်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး၊ အောင်ချမ်းသာ အချိုရည်နှင့်အဖျော်ယမကာရောင်းဝယ်ရေးဆိုင်များမှ Royal D(သီးစုံ ဓာတ်ဆားအားဖြည့်ဖျော်ရည်)၊ Speed အားဖြည့်အချိုရည်၊ VeVe လိုင်ချီအချိုရည်၊ SHARK အားဖြည့်အချိုရည်၊ Sunkist လိမ္မော်အရသာအချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အသင့်သောက်အချိုရည်များသည် ကလေးများ အရွယ်စုံလူတန်းစားမရွေးကြိုက်နှစ်သက်ကြသဖြင့် ဘေးအန္တရာယ်ကင်းစေရန်နှင့် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသောအချိုရည်များကို ရွေးချယ်ဝယ်ယူရောင်းချကြရန် ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသောဆိုင်နှင့် မုန့်မျိုးစုံဆိုင်များသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ချမ်းသာပါစေ မုန့်ဆိုင်၊ ဦးဝင်းအောင်ကျော် အချိုရည်အမျိုးမျိုးဆိုင်၊ ဦးငွေလှိုင်ဌေး အချိုရည်အမျိုးမျိုးဆိုင်၊ ကြက်တံဆိပ် မုန့်မျိုးစုံဆိုင်နှင့် ရွှေငါး မုန့်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး အဆိုပါ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် အသင့်သောက်အချိုရည်အမျိုးမျိုးအပါအဝင် အခြားကုန်စည်များကိုလည်း ရောင်းချခြင်းမပြုလုပ်ကြရန် ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်) 

“ သုံးခွမြို့နယ်အမက(၄)ကျောင်းတွင် အသိပညာပေးဟောပြောခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်တင်မေလွင်သည် နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်ရှိ အမက(၄) မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေး ဟောပြောပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အရုပ်ပြပွဲတွင် အမက(၄) မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းနှင့် ကျောင်းသားကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်တင်မေလွင်မှ စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူနှင့်လုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေစတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူနစ်နာဆုံး ရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များအား ရှင်းလင်းအသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များအား ဝယ်ယူခြင်းမပြုလုပ်ကြရန်နှင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ်ရှိတိုင်းရင်းဆေးဝါး၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းသို့ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်က တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ၎င်းထုတ်လုပ်ရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပြီးမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည်  ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးအတွင်းရှိ ဦးဝင်းနိုင် (ဆီဆိုင်) နှင့် ဦးကြည်ဝင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၆.၁၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် ၆.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.လ.က(၇) အလယ်တန်းကျောင်းသို့ စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာတွင် ကျောင်းသား/ ကျောင်းသူ (၂၀၀) တို့အား  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့်  စားသုံးသူအဓိပွါယ်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်နှင့် စားသုံးသူတစ်ဦးအနေဖြင့် နစ်နာမှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုပြုနိုင်ကြောင်း ကျောင်းသား/ သူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စာသင်ကျောင်းများ၌ အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် ၅.၁၁.၂၀၂၅ ရက်နေ့တွင် အလုံမြို့နယ် အ.မ.က (၁၀) မူလတန်းကျောင်းနှင့် ကြည့်မြင်တိုင်မြို့နယ် အ.ထ.က (၆) အထက်တန်းကျောင်းသို့ စားသုံးသူအကာအကွယ် ပေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

            အဆိုပါ ဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ဆေးဝါးများဝယ်ယူရာတွင် စပ်ဆေးများမသုံးစွဲရန်နှင့် ဆရာဝန်ညွှန်ကြားသောဆေးဝါးများအား ဝယ်ယူသောက်သုံးစေရန်၊ အလှကုန်များသုံးစွဲရာတွင်လည်း တစ်ခြားသူများသုံးစွဲသော အလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အထူးဂရုပြုရန် ပြောကြားခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲသို့ အလုံမြို့နယ် အ.မ.က (၁၀) မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၁၃၀ ခန့်နှင့် ကြည့်မြင်တိုင်မြို့နယ် အ.ထ.က (၆) မှ ကျောင်းသား/ ကျောင်းသူ ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေါ်သင်းသင်းခိုင် လက်လီစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၁၅) နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးရှိ ရုံ (၂၁)၊ အခန်း(၅၅)ရှိ ဒေါ်သင်းသင်းခိုင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးစည်ပင်ဝန်ထမ်းများမှ ပူးပေါင်းပါဝင်လျက် ဒေါ်သင်းသင်းခိုင်ဆိုင်သို့ ရောက်ရှိခဲ့ရာ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျအလှည့်ကျ အပိုင်းလိုက် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးပါကြောင်း၊ လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသောဈေးနှုန်းအတိုင်း ရောင်းချပေးပြီး အလေးချိန်ကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - HighLight News