Main menu

HighLight News

Powered by Drupal

သာယာဝတီမြို့၌အသိပညာပေးTalk Show ဆွေးနွေးပွဲကျင်းပခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်၊  သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center တွင်စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။

                 စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီက တက်ရောက်လာသူများအား  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊  အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်နည်းလမ်းများအားပြောကြားကာ အသိပညာပေးဆွေးနွေးဟောပြော ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့နယ်၌စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက်၌ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်သူ(၈၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

              ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအကြောင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံး/ ထုတ်လုံတာဝန်ခံဒေါ်ခိုင်ခိုင်ရီက တက်ရောက်လာသူများအား  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏ အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန်နည်းလမ်းများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

             စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့တွင် ခေတ္တရာရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် ကြာနီကန်ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် ဆင်တဲဒေသကုန်စုံဆိုင်နှင့် ဥသျှစ်ပင်ဒေသဆေးဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးကိုလည်းကောင်း၊ ဆင်တဲဈေးနှင့်ဥသျှစ်ပင်ဈေးများသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ(၁၅)ရက်အတွင်း ပြည်မြို့တွင် မူလွန်(မြတ်လေးရုံ)ကျောင်းသို့လည်းကောင်း၊ ရွှေတောင်မြို့တွင် အ.မ.သ(ဖားအိုင့်) ကျောင်း၊ အ.မ.က(ကိုးတွင်းစဉ်)ကျောင်း နှင့် အ.မ.က(မင်းတဲကျွန်း)ကျောင်း များသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့နယ်ပြန်ဆက်ရုံးနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show)ပွဲပြုလုပ်ခြင်းကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်နှင့် လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသောကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

                   စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ပြည်မြို့နယ်တွင် နဝဒေးစက်မှုဇုန်ရှိ ဦးပီတူး၏ ရွှေကမ္ဘာကျော် ပဲခွဲစက်လုပ်ငန်းသို့လည်းကောင်း၊ နဝဒေးစက်မှုဇုန်(၂)ရှိ ဦးကျော်သူ၏ Popular (Sogo)ပလတ်စတစ်ပုံး လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ရန်ကုန်-ပြည်လမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးဇော်မင်းထွန်း၏ဆီစက်သို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ခတ္တိယကျေးရွာရှိ ဦးပြည့်ဖြိုး၏ Bright Star သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း၊ ဥသျှစ်ပင်ဒေသရှိ ဒေါ်စိုးရီဦး၏ ပင်ရွှေဦးဆန်ပွဲရုံနှင့် ဒေါ်သက်သက်ဝင်း၏ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ် (၅) ရပ်ကွက်ရှိ ဒေါ်အေးသန်း၏ ဆန်စက်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်ပတ်သက်၍ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်း

         စားသုံးသူရေးရာဦးစီးဌာသည် စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောပွဲများကျင်းပခြင်းအပြင် Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကိုလည်းဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်နှင့်အတူ နိုဝင်ဘာလ ၂၀ရက်နေ့၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာသိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ Talk Show တွင် ဦးစီးမှူးက အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရန် ဆောင်ရွက်မှုများ၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့်အကြောင်းရင်းများ၊ အွန်လိုင်းတွင် ကုန်ပစ္စည်းဝယ်ယူခြင်းနှင့်ပတ်သက်၍ စိစစ်သင့်သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ပစ္စည်းများဝယ်ယူခြင်းဖြင့် ရရှိမည့်အကျိုးရလဒ်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရွှေတောင်မြို့ပေါ်ရပ်ကွက်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးအား (၁၈.၁၁.၂၀၂၄) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချသောကလေးအဟာရဖြည့်စွက်စာဗူး၊ အထုပ်များပေါ်တွင် ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသား(၈)ချက် ပြည့်စုံမှန်ကန်မှုရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ထားသိုမှုပုံစံများစနစ်တကျရှိစေရေးနှင့် စားသုံးသူများအား စိတ်ကျေနပ်မှုရှိစေရေး စသည်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များအားမှာကြားပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာ အ.လ.က ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

                စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာ အ.လ.ကကျောင်းရှိ ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၁၂၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။  

                အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ဒေါ်အိမွန်ကျော်အကြီးတန်းစာရေးမှ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ကုန်အညွှန်းအမှတ်အသား အကြောင်းဟောပြောဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများကို စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်တို့အား ဟောပြောခဲ့ကြောင်း၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုရှိခဲ့လျင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICCများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application မှတဆင့်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မည်သူမဆို ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း  ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လေးမျက်နှာမြို့နယ်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

        စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံးတွင် စားသုံးသူပြည်သူ(၃၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်များပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

         

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

               ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်စားရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ “မိသားစု”ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊  မိုးမြေပဲပေါ်ချိန်နှင့် ဆောင်းမြေပဲပေါ်ချိန်၌သာ အများဆုံးလည်ပတ်ကြိတ်ခွဲရကြောင်း၊ တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကြိတ်ခွဲ၍ မိမိတို့တံဆိပ်ဖြင့်ထုတ်လုပ်ဖြန့်ဖြူးလိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News