
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/ မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကိတ်နှင့် ဆီကြော်မုန့်လုပ်ငန်းရှင်မှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာပေးပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံသည့် တံဆိပ်များကိုသာထည့်၍ ရောင်းချရန်လိုအပ်ကြောင်း ဒု-ခရိုင်ဦးစီးမှူးကဆွေးနွေးခဲ့ပြီး ဈေးကွက်မရောက်မီ ဖြန့်ဖြူးမည့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မကွေး)
