
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဦးစားပေးကုန်စည် (၁၀) မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ကျန်းမာရေး နှင့်ညီညွတ်စေရန် ရည်ရွယ်၍ (၁၃.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းမုန့် ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)၊ ပုဒ်မ-၄၁(ခ)နှင့် (ဆ)ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည့်အချက်အလက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာနမှအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ရောင်းချသည့်ကျောင်းမုန့်ဈေး တန်းများတွင် မုန့်ဟင်းခါးသုပ်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲ/ ကြာဇံကြော်များကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
