
စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို သည် (၂၈.၁၀.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ်၊ တိုက်ကြီး မြို့မဈေးအတွင်းရှိ ဂျမားလေးဆေးဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့မဈေးအတွင်းရှိ ဂျမားလေးဆေးဆိုင်တွင် ရောင်းချနေသော ဆေးဝါးများသည် ပြည်သူများကျန်းမာရေး လိုအပ်ချက်များအရ ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိစေရေး တိုက်ကြီးမြို့နယ်တွင်း ရောင်းချနေသော ဆေးဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ မင်္ဂလာဈေးမှ ဆေးပစ္စည်းများမှာယူရောင်းချကြောင်း၊ ဆေးဈေးနှုန်းပုံမှန်ဖြစ်လျက်ရှိကြောင်း သိရှိရပြီး ဆေးရောင်းချသူလုပ်ငန်းရှင်များကို တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
