Main menu

“ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ” အသိပညာပေးဆွေးနွေးပွဲ (Talk Show)

Powered by Drupal

 

          ၁၆.၁၀.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် သထုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနစခန်းတွင် “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချ ယုံကြည်စားသုံးကြ” အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်အား Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

          ထိုဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှလှဌေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းက စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းမှု၊ ကုန်အညွှန်းအမှတ်အသားအဓိပ္ပါယ်၊ ကုန်အညွှန်းအမှတ် အသားများ ပြုလုပ်ရာတွင် ကုန်စည်များကို မြန်မာဘာသာဖြင့် ဖော်ပြရန် စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များ၊ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် လိုက်နာရမည့် အချက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)