
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့စသည့် ဌာနဆိုင်ရာများပူးပေါင်း၍ မြိတ်မြို့၊ မြို့သစ်ရပ်နှင့် တိုးချဲ့ရပ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေရေးအတွက် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/ မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှု ရှိ/ မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများရှိ/ မရှိနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/ မရှိနှင့် လိုင်စင်သက်တမ်းများ ကုန်ဆုံးနေခြင်းများ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
