
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး)နှင့် ဝန်ထမ်းများ သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများသင့်တင်မျှတမှုရှိစေရေး၊ စက်သုံးဆီများ အာသတ်မှတ် အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ/ မရှိနှင့် သတ်မှတ် စည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိ/မရှိ MSMEနှင့်စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီ လိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေး နှင့် စက်သုံးဆီများပြတ်လပ်မှု ရှိ/မရှိ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်ပိုင်ရှင်များ အနေဖြင့် စက်သုံးဆီ များကို စံလီတာပမာဏအတိုင်း မှန်ကန်စွာချိန်တွယ်ရောင်းချရန်၊ စက်သုံးဆီအသုံးပြုသည့် ပြည်သူများအနေဖြင့်လည်း သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေး လျှက်ရှိရာ သတ်မှတ်ဈေးနှုန်းများ ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင် ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊ တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူးကွင်း ဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
