Main menu

မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့နယ်ရှိ  အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိထားသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေကြီးဦးစီးမှူးလမ်းညွှန်မှုဖြင့ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်  အွန်လိုင်းစန်စခြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည့်အတွက် မိတ္ထီလာ မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်း မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၊ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိ ထားသည့် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာ စာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀)၊ ခရိုင်ဦးစီးမှူး ရုံးခန်းအတွင်း၌ မြေပြင်စစ်ဆေးအတည်ပြုပြီး လက်မှတ်ရရှိထားသည့် အွန်လိုင်းစနစ်ဖြင့်ရောင်း ချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

          ထိုသို့အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဆိုင် ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ် လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ စီးပွာရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သေချာစွာလိုက်နာရန် လိုအပ်ကြောင်း၊ အွန်းလိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်း ရှင်များထံသို့လည်း မြေပြင်ကွင်းဆင်းစစ်ဆေးအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များအနေဖြင့် (၂) နှစ်ပြည့်လျှင် သက်တမ်းတိုးရ မည်ဖြစ်ကြောင်း၊ မှတ်မုံတင်လက်မှတ်လျှောက်ထားရရှိမှုနှင့်စပ်လျဉ်း၍ လျှောက်ထားစဉ်က အချက်အလက်များနှင့်မြေပြင်အခြေအနေမှန်ကန်မှု ရှိ/မရှိ အခြေအနေများအား ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီး လိမ် လည်ရောင်းချခြင်းမှ ကင်းဝေမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ မှတ်ပုံတင်လက်မှတ်များ ရရှိထားသည့်အတွက် စားသုံးသူအခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များ အတွက်လည်း အကျိုးကျေးဇူးများ၊ နာမည်ဂုဏ်သတင်းများ ရရှိလာမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)