
အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သက်ဆိုင်ရာဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)