“ ကော့မှူးမြို့နယ်၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိခြင်းအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်မှ ကုန်ခြောက်ဆိုင်များဖြစ်သော ရုံ(E) အမှတ်(၈/၉)ရှိ ဒေါ်ခင်မျိုးချစ်ဆိုင်၊ ရုံ(F) အမှတ်(၁/၂)ရှိ ဒေါ်ချိုချိုမြင့်ကုန်ခြောက်ဆိုင်တို့တွင် စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့အနေဖြင့် ကုန်စည်အုပ်စုအလိုက် ဝယ်ယူဖြန့်ဖြူးရောင်းချရာ၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိသော ကုန်စည်အမျိုးမျိုးတို့သာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားဆွေးနွေးခဲ့ပြီး အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)