ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ခရိုင်ဆန်စပါးကုန်သည်အသင်းဖွဲ့စည်းဆောင်ရွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်များပိုမိုအဆင်ပြေချောမွေ့အောင် အသင်းအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် (၁၀-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ခရိုင်ဆန်စပါးကုန်သည်အသင်းဖွဲ့စည်းဆောင် ရွက်ခဲ့ရာ ပုသိမ်ခရိုင်အတွင်းရှိ ဆန်ကုန်သည်နှင့် လုပ်ငန်းရှင် (၁၆)ဦးတက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂)၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး(၁)၊ တွဲဖက်ဘဏ္ဍာရေးမှူး(၂)၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်၊ အဖွဲဝင်များဖြင့် အဆိုပြု၍ ရွေးချယ်တင်မြှောက်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)