ပုသိမ်မြို့နယ် အ.ထ.က(၁) ကျောင်းတွင် ဆရာ၊ ဆရာမများအား Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံ ဒေါ်ဟေမာန်ဦးသည် (၉-၁၀-၂၀၂၄)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ သင်တန်းတက်ရောက်နေသော ဆရာ/ ဆရာမများအား Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုသို့ဟောပြောဆောင်ရွက်ရာတွင် Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ Online မှတစ်ဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များ၊ Online လုပ်ငန်းဆောင်ရွက်လျှင် မှတ်ပုံတင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)