
Junction Centre ( Naypyitaw) ရှိ Ocean ထဲတွင် ရောင်းချသော“xxx” ဇယန်းညွန့်စပ် ဗူးတွင် ကုန်ဆုံးရက်မှာ ၁၀-၁-၂၀၁၈ ခုနှစ် ဖြစ်၍ ဝယ်ယူခဲ့သော်လည်း ဖောက်ကြည့်ခဲ့ရာ မှိုများ တွေ့ရှိရသည်ကို တိုင်ကြားမှုအပေါ် ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် Ocean Supercentre မှ ဆက်သွယ် ၍ တောင်းပန်မှု ပြုလုပ်ခဲ့ပြီး ည ၇:၅၆ နာရီတွင် “xxx”လက်ဖက်ဗူး အသစ်အား စားသုံးသူထံ လာရောက်လဲလှယ်ပေးခဲ့ရာ တိုင်ကြားသူအနေဖြင့် CICC ၏ ညှိနှိုင်းဖြေရှင်းပေးမှုနှင့် Ocean Supercentre မှ လာရောက် တောင်းပန်၍ ပစ္စည်းအသစ် လဲလှယ်ပေးမှုတို့ကြောင့် စိတ်ကျေနပ်မှု ရရှိစေခဲ့ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။