လိုအပ်ချက်တွေစီမံဆောင်ရွက်ပေးတော့စားသုံးသူပျော်တာပေါ့

   ယခုလက်ရှိစားသုံးသူများ၏ အဓိကလိုအပ်ချက်သည် အစားအသောက်ကုန်စည်နှင့် ဝန်ဆောင်မှုများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် လွယ်ကူအဆင်ပြေစွာဝယ်ယူရရှိနိုင်ရန် ဖြစ်ပါသည်။ ဈေးကွက်တွင်ရင်းနှီးမတည်ရသည့် ငွေကြေးလှုပ်ခတ်မှု မြင့်မားလာသည့်သယ် ယူစရိတ်နှင့် ဆက်စပ်ပစ္စည်းများ၊ သဘာဝဘေးဒဏ်များကြောင့် ကမောက်ကမဖြစ်နေရသည့် ဈေးနှုန်းဈေးကွက်အရ စားသုံးသူပြည်သူများ နေ့စဉ်အခက်အခဲများ နှင့် ရင်ဆိုင်နေကြရပေ သည်။

          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ငလျှင်ဘေးဒဏ်ခံစားနေရသောပြည်သူများစားရေး သောက်ရေး၊ အဆင်ပြေမှုရှိစေရေးအတွက်စားဖိုဆောင်သီးနှံများ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် လူသုံးကုန်ပစ္စည်းများကိုမြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် ဈေးကားများ ဖြင့်လိုက်လံ ရောင်းချလျက်ရှိပါသည်။ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်ဆန်စပါး ကုန်သည်ကြီးများအသင်း (ရှမ်းတောင်အသင်းခွဲ) ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း နှင့် အခြားဌာနဆိုင်ရာများပူးပေါင်းညှိနှိုင်းစီစဉ်မှုအရ ငလျှင် ဘေးဒဏ်ခံစားရသောပြည်သူများ၏နေ့စဉ်အခက်အခဲကို ခွဲဝေဖြေရှင်းပေးနေသောကောင်း မွန်သည့်အစီအမံတစ်ခုဖြစ်ပေသည်။

          ထို့အပြင် ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားသုံး သူရေးရာဦးစီးဌာန နှင့် သက်ဆိုင်ရာဌာနများ၊ ကြက်ဥမွေးမြူထုတ်လုပ်သူများညှိနှိုင်း၍ ကြက် ဥတစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် တစ်ပတ်လျှင် ကြက်ဥအရောင်းကား ၆စီး ခန့်မြို့အနှံ့ အလုံး ၉၀၀၀ခန့် ရောင်းချပေးလျက်ရှိပါသည်။ ဆီလုပ်ငန်းရှင်များအသင်းနှင့်စားသုံးသူရေးရာဦးစီး ဌာနတို့မှကြီးကြပ်ညှိနှိုင်း၍ ပင်စင်စားဝန်ထမ်းများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် တစ်ဦးလျှင်တစ်ပိဿာနှုန်းဖြင့် ပိဿာချိန် ၁၈၄၁ခန့်နှင့် ဝန်ထမ်းမိသားစုများအား သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်တလလျှင် ပိဿာချိန် (၂၁၀၀၀) ခန့်ရောင်းချပေးလျက်ရှိ ကြောင်းသိရှိရ ပါသည်။

          အသေးစားအငယ်စားလုပ်ငန်းရှင်များကိုလည်း မိမိတို့လုပ်ငန်းအလိုက်သုံးစွဲမည့်ပမာ ဏကိုစိစစ်၍ (၂၂၅.၆)တန်ခန့် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင်မြို့ပေါ် ရပ်ကွက်အသီးသီးရှိစားသုံးသူပြည်သူများကိုလည်းစားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်း ရှင်များပူးပေါင်းစီစဉ်ကြီးကြပ်၍ အထောက်အထားဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်၍မိသားစု တစ်ခုလျှင်တလ(၂)ကြိမ် တစ်ကြိမ်လျှင်တစ်ပိဿာနှုန်းဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချ ပေးလျက်ရှိပါသည်။

          အထက်ပါစီမံဆောင်ရွက်ပေးမှုများသည် စားသုံးသူပြည်သူများ၏အကျပ်အတည်း အခက်အခဲကို ဦးစီးဌာနများနှင့် အသင်းအဖွဲ့၊ အစုအဖွဲ့များမှပူးပေါင်း၍ကောင်းမွန်မှန်ကန် သောလုပ်ဆောင်ချက်ဖြစ်သည့်အတွက် စားသုံးသူပြည်သူများ ဝမ်းမြောက်ဝမ်းသာရှိကြမည် ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)