မုံရွာမြို့၏ ဖရဲသီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ၂၀၂၅ ခုနှစ် ဧပြီလ အတွင်း  ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျှက် ရှိကြောင်းသိရပါသည်။ ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင်ထည့်၍ စားသုံး ကြောင်းသိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုး အနေ ဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဖရဲသီးကို စားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။

ဧပြီလအတွင်း ဝင်ရောက်လာသည့်ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ အလုံးလတ်၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ အလုံးသေး ၃၀၀၀ကျပ်နှင့် ၄၀၀၀ ကျပ် စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)