ကလေးမြို့နယ်၏ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

  ကလေးမြို့နယ်တွင် ဒေသထွက်ကြက်သွန်နီ/ဖြူများ ဈေးကွက်အတွင်း  လှိုင်လှိုင်ဝင်ရောက် လာသည့်အတွက် ကြက်သွန်နီ/ဖြူများ ဈေးနှုန်းကျဆင်းလာပါသည်။ ကလေးမြို့နယ်တွင် လယ်ယာ များရိတ်သိမ်းပြီးပါက၊ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ကြက်သွန်နီ/အဖြူများကို ကြို့သုံးပင် ကျေးရွာတွင် အများဆုံးစိုက်ပျိုးကြပြီး၊ အခြားကျေးရွာများတွင်လည်း အနည်းငယ်စိုက်ပျိုး ကြပါသည်။

   အစောဆုံးပေါ်သည့်ကျေးရွာများ ကြက်သွန်နီ( ၁ )ပိဿာ( ၅၀၀၀ )ကျပ်၊ ကြက်သွန်ဖြူ ( ၁ ) ပိဿာ( ၁၅၀၀၀ )ကျပ်ဈေးနှုန်းဖြင့် ရောင်းချကြရပါသည်။ လက်ရှိပေါက်ဈေးတွင် ကြက်သွန်နီ ( ၁ ) ပိဿာ( ၂၅၀၀ မှ ၃၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ၁ )ပိဿာ( ၁၀၀၀၀ )ကျပ်မှ(၁၂၀၀၀)  ဈေးနှုန်းသို့ ကျဆင်းခဲ့ပါသည်။  ကလေးမြို့နယ်အနေဖြင့်  ယခင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော  ကာလများက ကလေးဝမြို့နယ်ချင်းတွင်း ရေကြောင်းလမ်း၊ မြစ်ရိုးတစ်လျှောက် မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ နမ့်တော မြို့နယ်များအထိ ကျယ်ပြန့်သည့် ဈေးကွက်ရှိခဲ့သော်လည်း၊ ယခု အခါတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဈေးကွက်နယ်ပယ်ကျဉ်းမြှောင်း လာသည့်အတွက် ဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်ပါကြောင်း၊ ဈေးကွက်အနေဖြင့် မိမိမြို့နယ်များ အတွင်းစားသုံးရန်အတွက် ( ၁ ) နှစ်စာ ဝယ်ယူသိုလှောင်သူများသို့သာ ရောင်းချနေရပါကြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ  ရောင်းချသည့် ဈေးကွက်အတွင်းမှ  လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)