ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဆန်လှော်မရွှေး ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင်  မြို့မဈေးအတွင်းတွင် ကန့်ဘလူမြို့ နယ်အတွင်းရှိကျေးရွာများ၊ ရွာသစ်ကြီး‌ကျေးရွာတို့နှင့် ရေဦးမြို့တို့မှ လာ‌ရောက်ရောင်းချကြပါသည်။ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မရွေးကိူ ယခုလို ဆောင်းအကုန် နွေးအကူး အချိန် တွင်သာ ဝယ်ယူစားသုံးနိုင်သော ဆန်လှော်မ‌ရွေးဖြစ်ပြီး ယခု ဖေဖော်ဝါရီလ တတိယအပတ်တွင် ဈေးကွက်အတွင်းသို့ စတင်‌ရောက်ရှိလာပြီး ဆန်လှော်မရွေးကို ‌ဒေသထွက်အစားအစာအဖြစ်  သဘာဝ ဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော ဆန်လှော်မရွေးဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ရာသီချိန်် အစားအသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြမှုမှာ များပြားပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ဆန်လှော်မ‌ရွေး (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး အတွင်း‌ ရောင်းချနေ‌သော မန်းမရွေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)