“တောင်ကြီးမြို့၊ အမှတ်(၅) ဈေးတွင် ဇရစ်ရိုးပင်များဈေးကောင်းရလျက်ရှိ”

   တောင်ကြီးမြို့၊ ရေအေးကွင်းရပ်၊ အမှတ်(၅) ဈေးတွင် နေ့စဉ်ဈေးရောင်း ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ စားသောက်ကုန်များ ရောင်းဝယ်လျက်ရှိရာ ဇရစ်ရိုးပင်များ ကိုလည်း ပေါများစွာတွေ့ရှိရပါသည်။ ဇရစ်ပင်သည် ဆူးရှိသောအပင်ငယ်တစ်မျိုးဖြစ်ပြီး မိုးဦးကျ အချိန်ကာလသည် ဇရစ်ရိုးပေါ်ချိန်ဖြစ်သည်။ အရိုးနှင့်အရွက်(၂) မျိုးလုံးကို စား၍ရသည့် အပင် ဖြစ်ပါသည်။ ဇရစ်ရိုးပင်များသည် စိုစွတ်သောမြေများတွင် အများဆုံးပေါက်ရောက်ကြောင်း သိရှိ ရပါသည်။

   မိုးရွာသီတွင် ဇရစ်ရိုးပင်များ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိကြောင်းသိရသည်။ ယခုအခါ နွေရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဇရစ်ရိုးများရှားပါးလာသောကြောင့် ဧပြီလတတိယပတ်တွင် ဇရစ်ရိုး တစ်စည်း လျှင် (၅၀၀) မှ (၈၀၀) ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)