ကျွန်းလှမြို့တွင် ရောင်းချနေသော ပဲတီပင်ပေါက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ မြို့ပေါ်ရပ်ကွက်တွင် နေထိုင်ပြီး ကုန်စိမ်း သီးနှံများ ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍ ရောင်းချကြပါသည်။
ပဲတီပင်ပေါက်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူတွေ ရသလဲဆိုတော့ ဗီတာမင် (K)ဓါတ်ပါလို သွေခဲတာတွေ မဖြစ်စေဖို့ အရမ်းအရေးပါတဲ့ ဗီတာမင်ဓါတ် တစ်မျိုးဖြစ်ပြီး အမျိုးသမီးများ အတွက်(၃၇)ရာခိုင်နှုန်း လိုအပ်ပြီး အမျိုးသားများအတွက်(၂၈)ရာခိုင်နှုန်း လိုအပ်သည့်အတွက် ပဲတီ ပင်ပေါက်ကို စားသုံးသင့်သည့်အပြင် အရိုးတွေရဲ့သိပ်သည်းစကို ထိန်းပေးခြင်း၊ သွေးကြောထဲက ကယ်လစီယမ်တွေ တည်ဆောက်ဖို့ ပရိုတင်းလိုအပ်မှုတွေကို အထောက်အကူဖြစ်စေခြင်း၊ စသည့် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ပဲတီပင်ပေါက် ရောင်းချနေ သော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)

















