သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဗမာသခွားသီး ဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ရှိ ပြည်သူတစ်ချို့သည့် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် သခွား သီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက်စသည်တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

   ယခု ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေ‌သော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာသခွားသီး အကြီး(၁)လုံးလျှင်(၄၀၀/၅၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)လုံးနှင့် အသေး တစ်လုံးလျှင်(၁၀၀)ကျပ် ဈေးနှုန်းအစားစားဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်း သီးနှံမျိုးစုံ အရောင်းအဝယ် လုပ်နေသူများ ထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)