စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖရဲသီးဝယ်လိုအားကောင်း၍ ဈေးကောင်းရနေ
စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ် ရာသီအလိုက် သစ်သီးသီးနှံများ ရောင်းချလျက်ရှိရာ ယခုနှစ်တွင် သီးနှံဈေးကွက်အတွင်း ဖရဲသီးဈေးကွက်၌ ဝယ်လိုအားကောင်းပြီး ဈေးကောင်း ရရှိလျက် ရှိကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရပါသည်။
ဖရဲသီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ပတ်ဝန်းကျင် ချောင်းဦး၊ တောချောင်းကြီး၊ တောင်ချောင်းလေး၊ အမြင့်၊ အနိမ့်၊ မန်ကျီးအုပ်၊ မန်ကျီးခွ စသည့် ကျေးရွာများတွင် စိုက်ပျိုးကြပြီး ယခုနှစ်တွင် စိုက်ပျိုးမှုနည်းသွားကြောင်း သိရှိရပါသည်။ ဖရဲကို မန္တလေးဈေး ကွက်နှင့် ရန်ကုန်ဈေးကွက်၊ မူဆယ်သို့ အဓိက တင်ပို့နေရပြီး ယခုနှစ်တွင် သယ်ယူပို့ ဆောင်စရိတ် မြင့်မားခြင်း၊ စိုက်ပျိုးထုတ်လုပ်စရိတ်မြင့်မားလာတာကြောင့် ယခင်နှစ်က ရောင်းချနေရသည့် ဈေးက အရွယ်အစားအလိုက် တစ်လုံး(၁၀၀၀) ကျပ်ကနေ (၄၀၀၀)ကျပ် အထိသာဈေးရရှိခဲ့ပြီး ယခုနှစ်တွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုများကြောင့် ဖရဲအလုံးသေး တစ်လုံးကို (၃၀၀၀/ ၅၀၀၀)ကျပ်ရှိပြီး အလုံးကြီး တစ်လုံးကို (၁၀၀၀၀-၁၂၀၀၀)ကျပ်အထိ ဈေးရရှိနေကြာင်း သိရှိရပါသည်။
စစ်ကိုင်းဒေသကြီးအတွင်း ဖရဲသီးစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့သော်လည်း စိုက်ပျိုး ထုတ်လုပ်သည့်တောင်သူများသည် အကျိုးအမြတ်ရရှိပြီး ဈေးနှုန်းဈေးကွက် မြင့်မားနေ သော်လည်း ရောင်းအား ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)

















