အုန်းသီး၏ ဈေးနှုန်းဈေးကွက်

   အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများ အပြား ပေါက်လေ့ရှိပါသည်။ မုံရွာမြို့အတွင်းသို့ ကနီ၊ တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျှက်ရှိပြီး လမ်းဘေးတစ်လျောက် ဈေးသည်များမှ ရောင်းချလျှက်ရှိကြောင်း သိရသည်။ အုန်းသီးကို ဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အသုံးပြု ကြသလို မိရိုးဖလာ ကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်းအသုံးပြုကြသည်။ အုန်းရည်မှာ ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပြီး သဘာဝအသီး ဖျော်ရည် တစ်မျိုးလည်း ဖြစ်သည်။ အုန်းရည်က အာရုံကြောတွေနဲ့ ကြွက်သားတွေအတွက်လည်း အထူး ကောင်းမွန် သော အသီးတစ်မျိုးဖြစ်ပါသည်။

    မုံရွာမြို့၊ ကျောက္ကာ လမ်းဘေးတစ်လျှောက်တွင် အုန်းသီးဆိုင်များ အများအပြား တွေ့ရှိရပြီး အုန်းစိမ်းရည်သောက် အုန်းသီးတစ်လုံးလျှင် ၃၅၀၀/၄၀၀၀ ကျပ်အထိ အုန်းသီး အကြီး/ အသေး ပေါ်မူတည်၍ ရောင်းချနေကြောင်း အုန်းသီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)