ခရမ်းသီးကပေးသောကျန်းမာရေးအကျိုးကျေးဇူးများ
ခရမ်းသီးတွင် ခရမ်းရောင်ရှိသည့် အသီးတစ်မျိုးဖြစ်ပြီး အခွံသည်ခရမ်းရောင်ရှိပြီး အတွင်း သားသည် အဖြူရောင်ခပ်ပွပွလေးဖြစ်ပါသည်။ အူတိုင်တွင်အစေ့လေးများပါပြီး ရှည်မြောမြော လေးရှိသလို ပုလုံးလုံးလေးများလည်းရှိပါသည်။ အခွံအစိမ်းရောင်လည်းရှိပါသည်။ ခရမ်းသီးတွင် ဗီတာ မင်များ၊ အာဟာရဓာတ်များနှင့် အမျှင်ဓာတ်များ ပြည့်ဝစွာပါဝင်နေပါသည်။ ခရမ်းသီးသည် နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးများကိုအကျိုးပြုသည့်အပြင် အစာချေစနစ်ကိုကောင်းမွန် စေပြီး အမျိုး အစား(၂)ဆီးချိုရောဂါများကိုပါ ထိန်းချုပ်နိုင်စွမ်းရှိပါသည်။ ခရမ်းခေါင်းသီး၏ အရေးပါသောအချက် တစ်ချက်မှာ အဆီဓာတ်မပါသောကြောင့် မီးဖုတ်စားခြင်းဖြစ်ဖြစ်၊ ဟင်းချက်စားခြင်းဖြစ်ဖြစ် မျိုးစုံ သုံးလို့ရပါသည်။ ခရမ်းသီးတွင် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္ထုဓာတ်များစွာပါဝင် ပါသည်။ ခရမ်းသီးတွင် မကောင်းသော ကိုလက်စထရော ပါဝင်မှုပမာဏနည်းပါးသောကြောင့် နှလုံး သွေးကြောပိတ်ဆို့မှုဖြစ်စေနိုင်သည့် အဆီများဖြစ် မလာအောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ ခရမ်းသီးအခွံတွင်ပါဝင်သော nasuin ဟုခေါ်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးကြောင့် ခရမ်း ရောင်ဖြစ်နေခြင်းဖြစ်ပြီး ထိုဓာတ်တိုးပစ္စည်း သည် ဦးနှောက်ထဲမှ အဆီဓာတ်များထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါသည်။ ခရမ်းသီးတွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူများအတွက်လည်း သင့်လျော်ပါသည်။ ဗီတာမင်စီနှင့် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်သော ကြောင့် နေရောင်ခြည် တွင်ပါသော ခရမ်းလွန်ရောင်ခြည်ဒဏ်မှကာကွယ်ပေးပြီး အရေးအကြောင်း များ၊ အမည်းစက် များနှင့် အိုမင်းရင့်ရော်မှုလက္ခဏာများကိုလည်း နှေးကွေးစေပါသည်။ ခရမ်းသီးကို စားသုံး ပေးခြင်းဖြင့် အရိုးပွရောဂါများမှလည်း ကာကွယ်ပေးနိုင်သည့်အပြင် အရိုးသန်မာမှုကိုလည်း အားပေးပါသည်။ ခရမ်းသီးသည် သွေးဆုံးကာနီးအမျိုးသမီးများတွင်ဖြစ်တတ်သော သံဓာတ် လွန်ကဲမှုမှလည်း လျှော့ချပေးနိုင်ပါသည်။ ခရမ်းသီးသည် လူတိုင်းနှင့်တည့်သော်လည်း လေပွ စေနိုင်သောကြောင့် အလွန်အကျွံ မစားသုံးမိဖို့ သတိထားရန်လိုအပ်ပါကြောင်း ဖတ်ရှု့မှတ်သား သိရှိရပါသည်။
DOCA(မန္တလေး)
- Log in to post comments

















