အရေပြားအတွက်အထောက်အကူပြုသော သလဲသီးအကြောင်း

  လူတစ်ယောက်၏သွင်ပြင်ပေါ်တွင် အများကြီးသက်ရောက်နေသော အရာတစ်ခုမှာ အသား အရေကျန်းမာလှပခြင်းပင်ဖြစ်ပါသည်။ ကျန်းမာလှပသော အသားအရေကိုပိုင်ဆိုင်နိုင်ရန် အသား အရေထိန်းသိမ်းမှုအပြင် အစားအသောက်မှာလည်း သက်ရောက်မှုရှိပါသည်။ အသားအရေကျန်းမာ မှုအပေါ်တွင်သက်ရောက်မှုကြီးသော အစားအစာများထဲတွင် သလဲသီးသည် အဓိကပါဝင်နေပါ သည်။ သလဲသီးသည်နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီး free radical များကြောင့် အသားအရေ ထိခိုက်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ အသားအရေကျန်းမာစေရန်အတွက် သလဲသီးဖျော်ရည်ကိုတစ်နေ့လျှင်(၁)ခွက်သောက်သုံးပေးနိုင်ပါသည်။ သလဲသီးအခွံကို  ကြိတ်ချေပြီး အနှစ်ပြုလုပ်၍ ရလာသောအနှစ်ကို သံပုရာရည်တစ်စက်နှစ်စက်နှင့် ရောမွှေပြီး နေလောင်သည့် နေရာများတွင် လူးပေးခြင်းဖြင့်လည်း အသားအရေကိုကျန်းမာလှပစေပါသည်။ သလဲသီးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်များပါဝင်သောကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့် ရော်ခြင်းများမဖြစ် အောင်လည်း တားဆီးပေးနိုင်ပါသည်။ သလဲသီးစေ့တွင်ပါဝင်သော fatty acid တစ်မျိုးဖြစ်သည့် punicic acid ပါဝင်နေသောကြောင့် အသားအရေကိုအစိုဓာတ်ထိန်းပေးပြီး အရေးကြောင်းမဖြစ် အောင်လည်းကာကွယ်ပေးပါသည်။ သလဲသီးတွင်ဗီတာမင်C သည်အသားအရေကိုကြည်လင်လှပ စေပြီး နေရောင်ခြည်ကြောင့်ဖြစ်တတ်သော အစက်အပြောက်များကိုသက်သာစေပါသည်။  အရေ ပြားပေါ်မှဆဲလ်သေများကို ဖယ်ရှားလိုလျှင် သလဲသီးအခွံနှင့်အစေ့ကိုရောကြိတ်ပြီး ရလာသောအနှစ် ကို အရေပြားပေါ်တွင်လိမ်း ပေးနိုင်ပါသည်။ မကြာခဏဝက်ခြံပေါက်တတ်သူများ၊ အသားအရေ ခြောက်သွေ့သူများအနေဖြင့် လည်းသလဲသီးကို အားကိုးလို့ရပါသည်။ ထို့အပြင်သလဲသီးသည် အနာကျက်မြန်စေပြီး အမာရွတ်များမကျန်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါသည်။ အရေပြား ရောဂါကင်းပြီး ကျန်းမာသောအသား အရေကိုပိုင်ဆိုင်နိုင်ရန်နှင့် အရေပြားကင်ဆာမှကာကွယ် လိုလျှင် ဗီတာမင်C၊ ဗီတာမင်Eနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေသော သလဲ သီးကိုပုံမှန်စားသုံးပေးရန် လိုအပ်ပါကြောင်း စာပေများမှဖတ်ရှု့သိရှိရပါသည်။

DOCA(မန္တလေး)