ပိစပ်ပင်နှင့်ကျန်းမာရေး
ပိစပ် ဟုဆိုရာတွင် ပိစပ်ပင်သည် မြန်မာနိုင်ငံအတွင်းရှိ အပူပိုင်းနှင့် စိုစွတ်သော ဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီးတို့တွင် အလေ့ကျပေါက်ရောက်နိုင်သည့် အပင်အမျိုးအစားဖြစ်သည့်အပြင် စိုက်ပျိုးနိုင်သော အပင်အမျိုးအစားလည်းဖြစ်ပါသည်။ ပိစပ်တွင် ပိစပ်ရိုးရိုးနှင့်တောပိစပ်ဟူ၍ နှစ်မျိုးရှိရာ ပိစပ်ရိုးရိုးသည် အပင်ငယ်မျိုးဖြစ်ပြီး အပွင့်မှာခရမ်းရောင်ရှိပါသည်။ အရွက်အနားတွင် ခွေးသွားစိပ်ပုံစံမျိုးရှိပြီး ရွက်ဖျားပိုင်းသည်ချွန်၍ အပင်ထိပ်ဖျားတွင်အပွင့်ပွင့်ကာ စူးရှသောအနံ့ ရှိပါသည်။
ပိစပ်ရွက်တွင် ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး၊ နိုက်ဆင်း (ဗီတာမင်ဘီသရီး)၊ ကယ်လ်ဆီယမ်၊ အိုင်းရွန်း၊ ဖော့စ်ဖာရက်စ်၊ ပိုတက်ဆီယမ် နှင့် အဟာရဓာတ်များစွာပါဝင်သည်။ ပိစပ်ရွက်ကိုစားသုံးပေးခြင်းအားဖြင့် အစားမှား၍ဖြစ်သော ဝမ်းဖောဝမ်းရောင်၊ ဝမ်းပျက်ခြင်းတို့အတွက် အရွက်ကိုပြုတ်ပြီး တို့စရာအဖြစ်လည်းကောင်း၊ အသားငါးနှင့် ရော၍လည်းကောင်း စားပေးပါက သက်သာပျောက်ကင်းစေသည်။ ပိစပ်ရွက် သတ္ထုရည်ကို အောင်စဝက်ခန့်တိုက်ကျွေးခြင်းဖြင့် အဆိပ်ရှိသောသတ္တဝါများ ကိုက်ခဲခြင်းနှင့် အစာမကြေသောရောဂါများကို သက်သာပျောက်ကင်းစေသည်။ အအေးမိနှင့်တုပ်ကွေးတို့အတွက် ပိစပ်ပဥ္စငါးပါးကို ကွမ်းရွက်နှင့်ပြုတ်၍တိုက်ကျွေးပါက သက်သာစေသည်။ ပိစပ်ရွက်သည် တုပ်နှင့် သန်ကျစေသော အာနိသင်ရှိသည်။ ထိခိုက်ရှနာနှင့် ဒဏ်ရာများအတွက် အနာကျက်မြန် စေပြီး အနာအသားနု တက်စေကြောင်း တိုင်းရင်းဆေးကျမ်းများအရသိရသည်။
DOCA(မန္တလေး)
- Log in to post comments

















