နနွင်း၏ ထူးခြားတဲ့အစွမ်းသတ္တိ
နနွင်းသည် ခန္ဓာကိုယ်နာတာရှည်ယောင်ယမ်းခြင်းကို သက်သာစေနိုင်ခြင်း ၊အရိုးအဆစ် ကိုက်ခဲယောင်ယမ်းခြင်းကိုသက်သာစေနိုင်ခြင်း၊ ဦးနှောက်နဲ့အာရုံကြောရောဂါတို့ကို ကာကွယ်ပေး ခြင်း၊ စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးခြင်း၊ ကိုယ်တွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုကိုကျစေခြင်း၊ သွေးထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးကိုသဘာဝ အတိုင်း သန့်စင်ပေးခြင်း၊ နှလုံးကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အအေးမိတုပ်ကွေးဖျားနားခြင်း တို့ကိုသက်သာပျောက်ကင်းစေပါသည်။ နနွင်းကို သောက်သုံး သူများအနေဖြင့် ခန္ဓာကိုယ်ကိုအကျိုးပြုစေမည့်သံလွင်ဆီနှင့်ရောစပ် သောက်သုံးမည် ဆိုပါကထူး ခြားတဲ့အကျိုးအာနိသင်ကိုရရှိစေခြင်း၊ ဆီနဲ့ဖျော်ပြီးသောက်သုံးပါက ရေနှင့်ဖျော်ပြီး သောက်သုံးခြင်းထက် သွေးကြောထဲကိုစိမ့်ဝင်နှုန်း(၁၁)ဆပိုများခြင်း၊ ကိုယ်တွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့ ဓာတ်သတ္တိရှိတဲ့အတွက် အစာမရှိသောက်သုံးလျှင် မူးဝေခြင်း၊ ဆီးချိုကျစေခြင်း စသည့်ရောဂါဝေဒနာခံစားရခြင်း၊ ပူနွေးသည့်ဓာတ်သတ္တိရှိတာကြောင့် ခန္ဓာကိုယ်တွင်း အပူလွန်ကဲ သူများ ချင့်ချိန်သုံးစွဲသင့်ပါကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















