နမဏိသံလျက် ဆေးဖက်ဝင်

  နမဏိသံလျက်သည် အညာသားမှန်လျှင်ဒီအပင်ကို သိကြပါသည်။ နမဏိသံလျက် ဆိုသောအမည်က ဆန်းလှသလို အပင်ကလည်းထူးခြားပါသည်။ အညာနေပူပူမှာတောက်ပစွာ ပွင့်သောပန်းလည်းဖြစ်သည်။ အပွင့်ခူးရင်တော့ ချွန်ထက်သော ဆူးများပိုင်ဆိုင်တာမို့ သတိထား ခူးရသည်။ အသီးကဇောင်ချမ်းသီးနှင့်တူပြီး အသီးနုများကို လှီးပြီးအချဉ်တည်စား နိုင်သလို ဟင်းချက်လည်းစားသုံးနိုင်သည်။ အပင်၏အမြစ် အခေါက်များသည် ခါးခြင်း၊ အေးခြင်း သည်းခြေအခိုးကို အပြင်သို့ထုတ်ဆောင်တတ်ခြင်း၊သလိပ်ကိုနိုင်စေခြင်း၊ဝမ်းမီးတောက်စေခြင်းတို့ ဖြစ်သည်။ အရွက်ကိုခံတွင်းပျက်ခြင်းတွင်အသုံးပြုကြသည်။ ရေနွေးပူလောင်ခြင်း၊ ရောင်ခြင်း၊   လိပ်ခေါင်းတို့တွင်အပေါ်မှကပ်ပေးခြင်း၊ အမြစ်မှထုတ်ယူထားသောအဆီကို အော့အန်ခြင်း၊ ဗိုက်နာခြင်း၊အစာအိမ်နာကျင်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါတို့တွင်အသုံးဝင်ပါသည်။ကလေးမွေးဖွားပြီးနောက်သားအိမ်အားဆေး အဖြစ် အသုံး ပြုကြသည်။ အမြစ်နှင့်ပင်စည် အခေါက်တို့ကို ဆီးရွှင်ဆေးအဖြစ်အသုံးပြုခြင်း၊ မြွေဆိပ်ဖြေဆေး၊အဖျားကျဆေး အဖြစ်အသုံးပြုကြသည်။ ကလေးများ လေထိုးလေအောင့်ခြင်း ၊နောက်ကျောတက်ဇက်ကြောထိုးခြင်း၊ ကာလဝမ်းရောဂါ၊ ရေကျောက်ပေါက်ခြင်း၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်ဖုံးမြှေးရောင်ရောဂါတို့လည်း အသုံးဝင်ပါသည်။ နမဏိသံလျက်ပင်သည် လှပပြီးဆေးဖက်ဝင် အပင်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)