မြန်မာ့ဆေးဖက်ဝင် လင်းနေပင်
လင်းနေပင်သည် အေးမြသောရာသီဥတုရှိသည့်ဒေသများရှိ အင်းအိုင်ချောင်းမြောင်းတစ် ဝိုက်တွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သော်လည်း အိမ်သုံးဆေးအဖြစ် အသင့်အတင့်စိုက်ပျိုးကြသည်။ အပင်သည် ပင်ပျော့ပင်ငယ်မျိုးပြီး အမြင့်၃ပေခန့်ထိမြင့်သည်။ ပင်စည်မှာမြေအောက်ပင်စည် ဖြစ်၍အနံ့ထင်ရှားသည်။ ပင်စည်သည် ဥတက်သဖွယ်ဖြစ်ကာ ဥများရှိ အဆစ်များမှာ အဖြူရောင်ရှိသည်။ အလျား၃ပေခန့် ထိရှည်သည်။ ရွက်ဖျားသေးသွယ်ရှည်လျားပြီး ချောသည်။ မြေအောက်ပင်စည်မှာ မြေပေါ်သို့ယပ်တောင်သဖွယ် ဖြန့်ထွက်သည်။ အပွင့်သည် ရှည်လျားသော ပန်းခိုင်ပေါ်တွင် စိမ်းဝါရောင်အပွင့်များစွာ ပွင့်၏။အဖူးခွံ အစိမ်းရောင်ရှိ၍ အရွက်နှင့်တူသည်။ လင်းနေသည် စူးရှသောအနံ့ရှိခြင်း ခါး၍စပ်ဖျဉ်းဖျဉ်းအရသာရှိသည်။ နူးညံ့စွာ ဝမ်းသက်၍ဆီးရွှင်စေခြင်း၊ လည်ချောင်းကို အကျိုးပြုစေခြင်း၊ အညစ်အကြေးနှင် ဆီးကိုသန့်ရှင်း အောင်ပြုတတ်ခြင်း၊ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ချောင်းဆိုရောဂါနှင့် အဆိပ်ဖြစ်ခြင်း ကို ပျောက်ကင်းစေနိုင်သည်။ ကလေးများ ဝမ်းနာ၊ဝမ်းရောင်ပျောက်ကင်းစေနိုင်သည်။ အဆစ်ရောင်၊ အကြောထုံးခြင်း၊ လိပ်ခေါင်းမြင်းသရိုက်ရောဂါ၊ လည်ချောင်းနာခြင်း၊ အဖျားရောဂါ၊ ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းစေခြင်း၊ နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ခြင်း၊ဝက်ရူးနာနှင့်စိတ်နောက်ရောဂါ၊ သူငယ်နာ ငန်းမန်းကိုနိုင်စေခြင်း၊ အေးသောရာသီတွင် ကြက်ညှာ၊ချောင်းဆိုး၊ကလေးဗိုက်နာခြင်း ၊ကျောပူခေါင်းပူဖြစ်ခြင်း၊ အနာဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
- Log in to post comments

















