ပင်ပွား
ပင်ပွားဆိုသည်မှာ ကမ္ဘာပေါ်တွင် လူသိများသော ဆေးဖက်ဝင်အပင်ဖြစ်သည့် ပင်စိမ်းပင်၏ အစေ့ဖြစ်ပါသည်။ ပင်ပွားစေ့ကို အချိုပွဲများနှင့် စားသောက်ဖွယ်ရာများထဲတွင် ထည့်သွင်းတည်ခင်း လေ့ရှိပါသည်။ ပင်ပွားကို အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်မျိုးအနေဖြင့် အစားအသောက်များထဲတွင် ထည့်သွင်းစားသုံးလေ့ရှိပါသည်။ ပင်ပွားတွင် ခန္ဓာကိုယ်တွင်လိုအပ် သော အာဟာရဓာတ်များပါဝင်နေသလို ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့်ခန္ဓာ ကိုယ်အကျိုးပြုသော အဆီဓာတ်များပါဝင်ပါသည်။ ပင်ပွားတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝ စွာပါဝင်သောကြောင့် ဆီးချိုရောဂါများအတွက် အထောက်အကူပြုနိုင်သလို အရေပြားအတွက် လည်းကောင်းကျိုးပြုပါသည်။ ပင်ပွားမှရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကိုယ်အ လေးချိန်ကျစေခြင်း၊ အအေးဓာတ်ရရှိစေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ဝမ်းချုပ် ခြင်းနှင့် လေပွခြင်းကိုသက်သာစေခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်းနှင့် ရင်ပူခြင်းကိုသက်သာ စေနိုင်ခြင်း၊ အရေပြားနှင့်ဆံသားကိုကျန်းမာစေခြင်း၊ တုပ်ကွေးဖြစ်ခြင်းနှင့် ချောင်းဆိုးခြင်းကို သက်သာစေခြင်း၊ အရိုးကိုကြံ့ခိုင်သန်စွမ်းစေခြင်း၊ ကိုလက်စထရောပမာဏကို ကျဆင်းစေခြင်း၊ စိတ်ဖိစီးမှုကိုသက်သာစေခြင်း၊ အမြင်အာရုံကို တိုးတက်စေခြင်းနှင့် နာကျင်ကိုက်ခဲမှုကို လျော့ပါး သက်သာစေခြင်း အစရှိသည့်ကောင်းကျိုးများစွာကိုရရှိစေနိုင်ပါသည်။ ပင်ပွားကို သစ်သီးဖျော်ရည် များ၊အုန်းနို့များထဲတွင် ထည့်ပြီးစားသုံးခြင်း၊ ရေခဲသုပ်ကဲ့သို့ အသုပ်များထဲတွင် ထည့်စားခြင်း၊ ချိစ်နှင့်ခရင်မ်ဆော့များတွင်ထည့်၍စားသုံးခြင်း၊ အချိုပွဲများနှင့် ဒိန်ချဉ်ထဲတွင်လည်းထည့်ပြီး အမျိုးမျိုးစားသုံးနိုင်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
- Log in to post comments

















