ပရန္နဝါပင် ဆေးဖက်ဝင်
ပရန္နဝါ ပါးပါးလွှာ ၊သကာပျားနှင့် ချက် ဒန့်ဒလွန်ပွင့်၊ အုန်းဆံရင့်၊ ချင့်၍ လျော်အောင်ဆက် မင်းတုန်းမင်းခေါင်၊သူသုံးဆောင်ဘုန်းရောင်နေသို့ဒန္တာသံမှိုနက်အသံကရဝိတ်ငှက်၊ ကေသာ ပိတုန်း ရောင်နက်ဟူ၍ ပရန္နဝါပင်အကြောင်း ကဗျာဖွဲ့ဆိုထားပါသည်။ ပရန္နဝါအရွက်ကို နွားနို့နှင့်သောက် ပေးပါက ဆီးပူညောင်ကျရောဂါ၊ ဆီးအောင့်ရောဂါ၊ ပန်းသေရောဂါနှင့် အဖျားရောဂါ တို့ကိုသက်သာ စေရုံမက အသက်ရှည်စေပြီး ခွန်အားတိုးစေပါသည်။ အရွက်ကို ငါးကြင်းနှင့် ရောချက်စားပါက ကိုယ်တခြမ်းသေရောဂါပျောက်ကင်းစေပါသည်။ မီးဖွားပြီးစအမျိုးသမီးများ နို့မထွက်လျှင်ပရန္နဝါကို ဟင်းခါးချက်သောက်ပါက နို့ထွက်စေပြီး နို့နာ၊ နို့ကိုက်၊ သကျည်းကိုက်ရောဂါများ သက်သာ ပျောက် ကင်းစေနိုင်ပါသည်။ ခန္ဓာကိုယ်ပြင်ပ၌ ရောင်ရမ်းခြင်းအတွက် အရွက်ကိုထုထောင်းကြိတ်ချေ၍ ကျပ်စည်းပေးနိုင်ပါသည်။ အရွက်ကကြိတ််မှန်ရွက်သတ္တုရည်နှင့် ရောသောက်ပါကမီးယပ်ရောဂါ သက်သာ ပျောက်ကင်းစေသည်။ ဒန့်ကျွဲစေ့နှင့် ပရန္နဝါ ရောစားခြင်းလိမ်းခြင်း ပြုလုပ်ပါက ပွေးရောဂါသက်သာ ပျောက်ကင်းစေပါသည်။ အသည်းရောင်အသားဝါရောဂါ၌ ပရန္နဝါသတ္တုရည် ဟင်းစာဇွန်း(၁)ဇွန်းကို တစ်နေ့တစ်ကြီမ်သောက်ပေးနိုင်ပါသည်။ ပရန္နဝါပင်သည် ဆေးဖက်ဝင် အပင်ဖြစ်၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















