ငှက်ပျောသီးဖြင့်ရိုးတွင်းချဉ်ဆီအားဖြည့်နည်း
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ကြောင်း၊ လူအများစုသည် ကျန်းမာရေးကောင်းအောင် လုပ်ကြရာတွင် အခြားသောကိစ္စနှင့် ကိုယ်လက်လှုပ်ရှားအားကစားများသာပြုလုပ်ကြ၍ ရိုးတွင်းခြင် ဆီကိုလည်း အားဖြည့်ရန်အတွက် အရေးကြီးကြောင်း၊ ရိုးတွင်းချဉ်ဆီသည် ခန္ဓာကိုယ်ရဲ့အလုံးစုံ သောခုခံအား cell တွေကို မွေးထုတ်ပေးကြောင်း ပင်မသွေး cell များကို ပြုလုပ်ပေး၍ သွေးထုတ် ပေးရာတွင် အကြီးဆုံးလုပ်ဆောင်ချက်ဖြစ်ကြောင်း၊ နုပျိုသွက်လက်၍ ဦးနှောက်နှင့် အာရုံကြောများ ကို အားကောင်းစေပြီး ခန္ဓာကိုယ်၏မူလပထမကိုယ်ခံအားဖြစ်ကြောင်းသိရှိရသည်။ လူအများစုသည် ၄၀ ကျော်လာသောအခါ ရိုးတွင်ချဉ်ဆီခမ်းလာသောကြောင့် အရွယ်ရင့်မြန်လာခြင်း၊ မလှုပ်ချင်၊ မကိုင်ချင် မကြာခဏဖြစ်ခြင်းတို့ ခံစားရကြောင်းသိရှိရသည်။ ထိုသို့ဖြစ်ပါက မြန်မာတိုင်းရင်းဆေး နည်းဖြင့် ရိုးတွင်းချဉ်ဆီအားကောင်းစေရန် ဖီးကြမ်းငှက်ပျောသီးကိုမီးဖုတ်၍ ခွက်တစ်ခုတွင် ထည့်ပြီး နှမ်းဆီစစ်စစ်လောင်းထည့်၍ သမအောင်မွှေပြီးနောက် စားသုံးပါက ရိုးတွင်ချဉ်ဆီအား ကောင်းစေကြောင်း၊ တစ်လလျှင်တစ်ကြိမ်၊ နှစ်ကြိမ်ခန့်စားသုံးပေးပါက ငှက်ပျောသီးဖြင့် ရိုးတွင်း ချဉ်ဆီအားဖြည့်ပေးနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















