ဒန့်ဒလွန်စေ့ ဆေးဖက်ဝင်ပုံ

   ဒန့်ဒလွန်စေ့သည် နာတာရှည် ခါးနားခြင်း၊ ခါးကိုက်၊ အရိုးကျီးပေါင်းတက်ပြီး အာရုံကြော ညှပ်ခြင်း၊ အဆစ်အမြစ်နာခြင်း၊ အရိုးကိုက်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ဂေါက်ရောဂါနာကျင် ခြင်းစသည့် ဝေဒနာများ သက်သာပျောက်ကင်းစေပါသည်။ အခြောက်လှန်း ထားသော ဒန့်ဒလွန်သီး အစေ့လက်၁ဆုပ်စာခန့်ကို ရေတစ်လီတာနှင့် ၁၀မိနစ်ခန့်ပြုတ်၍ သောက်ပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ အဆစ်မြစ်နာခြင်း၊ အရိုးကိုက် ခြင်းတို့ကိုသက်သာစေနိုင်ပါသည်။ ဒါအပြင် ချောင်းဆိုးပျောက်ဆေးအဖြစ် ဒန့်ဒလွန်သီးစေ့အခြောက် အတွင်းသားအစေ့ကို ၃-၄စေ့ခန့် ထုတ်ယူ၍ သောက်ပေးပါက လည်ချောင်းထဲတွင် ချိုမြိန်ပြီး ချောင်းဆိုးခြင်းကို သက်သာပျောက် ကင်းစေနိုင်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)