လူသိပ်မသိသေးတဲ့ ဘူးသီးစားခြင်းရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘူးသီးသည် မြန်မာမီးဖိုချောင်တွင် အလွယ်တကူရရှိနိုင်ပြီး အာဟာရဓာတ်ကြွယ်ဝကာ ကျန်းမာရေးအကျိုးကျေးဇူး များစွာပေးစွမ်းနိုင်သည့် အသီးဖြစ်ပါသည်။ ဘူးသီးမှာ ဗီတာမင် A, B, C, E, K၊ သတ္တုဓာတ်များအနေဖြင့် သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကယ်လ်ဆီယမ်နှင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးတွင်းကိုလက်စထရောကျစေပြီး သွေးတိုးကိုထိန်းညှိ ပေးခြင်း၊ အမျှင်ဓာတ်ကြောင့် ဝမ်းမှန်စေခြင်း၊ ဝမ်းချုပ်ခြင်း/ဝမ်းလျှောခြင်းကိုသက်သာစေခြင်း၊ ဘူးသီးဖျော်ရည်ကို သံပရာရည်နှင့်ရောသောက်ပါက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို သက်သာစေ ခြင်း စသည့်အကျိုးများ ရရှိမှာဖြစ်ပါတယ်။ ဘူးရွက်ကရတဲ့အရည်ဟာ အသားဝါတာကို သက်သာ စေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်။ ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နွေရက်တွေမှာ လန်းဆန်းစေဖို့ ပိုမိုစားသုံးသင့်ပါတယ်။ ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန်ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာတို့ကို သက်သာစေပါတယ်။ ဘူးသီးမှာ ရေဓာတ်(၉၂-၉၆)ရာခိုင်နှုန်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးခြင်း၊ အပူငြိမ်းစေ ခြင်းနှင့် ဘူးသီး ၁၀ဝ ဂရမ်စားတဲ့အခါ ၁၂ ကယ်လိုရီပဲရရှိပါတယ်။ ဒါကြောင့် အစာမစားမီ ဘူးသီး ဖျော်ရည်သောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာတစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။
ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာပါဝင်တဲ့အတွက် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူးသီးက သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။ ဘူးသီးကို ချဉ်ရည်ဟင်း၊ အကြော်၊ အသုပ်၊ ဟင်းခါးအဖြစ်ချက်ပြုတ်စားသုံးနိုင်ပါကြောင်းနှင့် ဘူးသီးကို နေ့စဉ်စားသုံးခြင်းဖြင့် ခန္ဓာ ကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကိုဖြည့်တင်းနိုင်ပြီး ရောဂါများကိုကာကွယ်နိုင်သည် ကို သုတေသနများက အတည်ပြုထားပါကြောင်း လေ့လာဖော်ပြအပ်ပါသည်။
DOCA(မန္တလေး)
- Log in to post comments

















