ခန္ဓာကိုယ်အတွက် မုန်လာဥနီ
မုန်လာဥနီသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည့် အစွမ်းထက်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ မုန်လာဥနီ ၁၀၀ ဂရမ်တွင် ဗီတာမင် A ပမာဏ ၈၃၅ µg ပါဝင်ကာ မျက်လုံးအတွင်းရှိ Rhodopsin ပရိုတင်းကို ထုတ်လုပ်ပေးပြီး အလင်းရောင် နည်းသော အခြေအနေများ၌ အမြင်အာရုံကောင်းစေသည်။ ဗီတာမင်A ချို့တဲ့ခြင်းကြောင့်ဖြစ်သော ကြက်မျက်သင့် ရောဂါကို ကာကွယ်ပေးနိုင်သည်။ ဗီတာမင် C ကြွယ်ဝမှုကြောင့် ခန္ဓာကိုယ်အတွင်း သို့ ရောဂါပိုးဝင်ခြင်းကို တိုက်ဖျက်ပေးပြီး အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးသည်။ မုန်လာဥနီတွင်ပါဝင်သော အမျှင်ဓာတ်များက LDL(မကောင်းသောကိုလက်စထရော)ကို လျော့ကျ စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ၄၀% အထိ လျှော့ချပေးနိုင်သည်။ မုန်လာဥနီ ၁၀၀ ဂရမ်လျှင် ပိုတက်စီယမ် ၃၂၀ မီလီဂရမ်ပါဝင်မှုက သွေးလွှတ်ကြောများကို ပြေလျော့စေပြီး သွေးပေါင်ချိန်ကို ထိမ်းညှိပေးခြင်းနှင့် သွေးတွင်းသကြား ဓာတ်ကို တည်ငြိမ်စေသည်။ အလတ်စားမုန်လာဥနီ တစ်လုံး တွင် ကယ်လိုရီ ၂၅ ခန့်သာပါဝင်ပြီး အမျှင်ဓာတ်က အဆာခံနိုင်စေသဖြင့် အလွန်အကျွံစားခြင်းကို ထိန်းပေးသည်။ ဗီတာမင် C နှင့် ဘီတာ ကယ်ရိုတင်းတို့က နေရောင်ဒဏ်ကြောင့် အရေပြားပျက်စီး မှုကို ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုနှေးစေသည်။ မုန်လာဥနီကို မျက်နှာနှင့် အရေပြားပေါ်တွင် လိမ်းပေးခြင်းဖြင့် အစိုဓာတ်ထိန်းနိုင်သည်။ မုန်လာဥနီတွင်ပါဝင်သော ဗီတာ မင်Kနှင့်ကယ်လ်ဆီယမ်တို့သည် အရိုး သိပ်သည်းဆကို မြှင့်တင်ပေးပြီး သွေးခဲမှုကို အားပေးသည်။ အသည်းလုပ်ဆောင်မှုကို မြှင့်တင်ကာ bilirubin(အသားဝါဖြစ်စေသောဓာတ်)ကို လျှော့ချပေးသည်။ ထိရောက်သော စားသုံးနည်းများမှာ အစိမ်းစားခြင်း၊ ဖျော်ရည်လုပ်သောက်ခြင်း၊ ဟင်းချိုထည့်ခြင်း သို့မဟုတ် သစ်သီးဖျော်ရည်များနှင့် ရောဖျော်ခြင်းတို့ဖြစ်ကြသည်။ အာဟာရတန်ဖိုး အကျဉ်းချုပ် အနေဖြင့် မုန်လာဥနီ ၁၀၀ ဂရမ်လျှင် ကယ်လိုရီ ၄၁ kcal ၊ အမျှင်ဓာတ် ၂.၈ ဂရမ်၊ ဗီတာမင် A ၈၃၅ µg ၊ ဗီတာမင် C ၅.၉ mg ၊ ပိုတက်စီယမ် ၃၂၀ mg ၊ ဗီတာမင် K ၁၃.၂ µg တို့ပါဝင်ကြောင်း သိရှိရသည်။
မုန်လာဥနီသည် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး မျက်စိ၊ နှလုံး၊ အစာခြေစနစ်၊ အသားအရေစသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အထောက်အကူပြုသည်။ နေ့စဉ် လက်တစ် ဆုပ်စာ (အလတ်စား ၁-၂လုံး)စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ အာဟာရပညာရှင်များက ကွဲပြားသောရောင်စုံ (ခရမ်းရောင်၊ အနီရောင်)မုန်လာဥနီများကို ရောစား ရန် အကြံပြုထားသော်လည်း ဆီးချိုရှိသူများအနေဖြင့် အလွန်အကျွံမစားမိစေရန် သတိဖြင့် ဂရုပြု စားသုံးသင့်ပါကြောင်း လေ့လာဖော်ပြအပ်ပါသည်။
DOCA(မန္တလေး)
- Log in to post comments

















