ဆေးဖက်ဝင်သော ဖရုံစေ့လှော်အကြောင်း

     ဖရုံစေ့လှော်စားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး အာဟာရ ဓာတ်များလည်း ကြွယ်ဝစွာပါဝင်ကြောင်း၊   မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော ဖရုံစေ့လှော်တစ်ထုပ်လျှင် ၃၃၀၀ ကျပ်ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းစားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဖရုံစေ့လှော်များကို မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်း ချကြောင်းသိရှိရသည်။ ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာ (၂၈-၃၀)ဂရမ်ခန့် စားသုံး ပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေပြီး ပရိုတင်းဓာတ်ပါဝင်သောကြောင့် ကြွက် သားနှင့်ဆဲလ်များ အားကောင်းစေပြီး Omega 3၊ Omega 6  မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်သော ကြောင့် အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေး ကိုအထောက်အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင် မှုနှင့် အရေပြားကျန်းမာရေးကို လည်းအထောက်အကူပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင် သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာတွေကို သက်သာစေကြောင်း၊ ညအိပ်မပျော် ဖြစ်နေသောသူများအတွက် မအိပ်ခင်ဖရုံစေ့လှော် နည်းနည်း စားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင်သောကြောင့် အိပ်စက်ခြင်းကို အထောက်အကူပြု ကြောင်း  ဖရုံစေ့လှော်သည် အာဟာရဓာတ် များစွာပါဝင်သောကြောင့် ပြည်တွင်းမှာပဲ အလွယ်တကူ ရနိုင်ပြီး  အာဟာရကြွယ်ဝသော ဖရုံစေ့လှော်ကို စားသုံးကြပါလို့ အကြံပြုတင်ပြအပ်ပါတယ်။